Connect with us

Hi, what are you looking for?

News

နိုင်ငံအကျိုးထမ်းဆောင်ခဲ့သူပုဂ္ဂိုလ်ဆိုပြီး စစ်ကောင်စီခေါင်းဆောင်ကကိုယ့်ကိုယ်ကိုဂုဏ်ထူးဆောင်ဘွဲ့ပြန်ပေး

ဒါအပြင် စစ်တပ်နဲ့ ဆက်ဆံရေးပြေလည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ကိုလည်း မင်းအောင်လှိုင်ဂုဏ်ထူးဆောင်ပေးတာတွေ့ရပါတယ်။

လွတ်လပ်ရေးရပြီး ၇၅ နှစ်အတွင်း နိုင်ငံအတွက် ကောင်းကျိုးဆောင်ရွက်ပေးနိုင်ခဲ့သူတွေဆိုကာ လူပုဂ္ဂိုလ် ၁၄၀ ကို ဂုဏ်ထူးဆောင်ဘွဲ့တွေပေးရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ကိုယ့်ကိုယ်ကို ဘွဲ့ပြန်ပေးလိုက်တာတွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ဒီနေ့ ရက်စွဲနဲ့ အဲဒီစာရင်းကို လက်မှတ်ရေးထိုးထုတ်ပြန်တာပါ။

အဲဒီစာရင်းမှာအဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကို ဝန်ကြီးချုပ်ဟောင်းဦးနု ၊ သမ္မတဟောင်းဦးစန်းယုနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုပေးထားပါတယ်။

ဒါအပြင် အာဏာသိမ်းမှုမှာပါဝင်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေကို သတိုးသီရိသုဓမ္မဘွဲ့ပေးသလို စစ်ကောင်စီခေါင်းဆောင်က ကိုယ့်ကိုယ်ကိုလည်း အဲဒီ သတိုးသီရိသုဓမ္မ ဘွဲ့ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တဲ့ဘွဲ့အမျိုးအစားတွေမှာတော့ နဝတ လက်ထက်က စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပေးထားပါတယ်။

ဒါအပြင် စစ်တပ်နဲ့ ဆက်ဆံရေးပြေလည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ကိုလည်း မင်းအောင်လှိုင်ဂုဏ်ထူးဆောင်ပေးတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။