Connect with us

Hi, what are you looking for?

News

နိုင်ငံအကျိုးထမ်းဆောင်ခဲ့သူပုဂ္ဂိုလ်ဆိုပြီး စစ်ကောင်စီခေါင်းဆောင်ကကိုယ့်ကိုယ်ကိုဂုဏ်ထူးဆောင်ဘွဲ့ပြန်ပေး

ဒါအပြင် စစ်တပ်နဲ့ ဆက်ဆံရေးပြေလည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ကိုလည်း မင်းအောင်လှိုင်ဂုဏ်ထူးဆောင်ပေးတာတွေ့ရပါတယ်။

လွတ်လပ်ရေးရပြီး ၇၅ နှစ်အတွင်း နိုင်ငံအတွက် ကောင်းကျိုးဆောင်ရွက်ပေးနိုင်ခဲ့သူတွေဆိုကာ လူပုဂ္ဂိုလ် ၁၄၀ ကို ဂုဏ်ထူးဆောင်ဘွဲ့တွေပေးရာမှာ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ကိုယ့်ကိုယ်ကို ဘွဲ့ပြန်ပေးလိုက်တာတွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ဒီနေ့ ရက်စွဲနဲ့ အဲဒီစာရင်းကို လက်မှတ်ရေးထိုးထုတ်ပြန်တာပါ။

အဲဒီစာရင်းမှာအဂ္ဂမဟာသီရိသုဓမ္မဘွဲ့ကို ဝန်ကြီးချုပ်ဟောင်းဦးနု ၊ သမ္မတဟောင်းဦးစန်းယုနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုပေးထားပါတယ်။

ဒါအပြင် အာဏာသိမ်းမှုမှာပါဝင်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေကို သတိုးသီရိသုဓမ္မဘွဲ့ပေးသလို စစ်ကောင်စီခေါင်းဆောင်က ကိုယ့်ကိုယ်ကိုလည်း အဲဒီ သတိုးသီရိသုဓမ္မ ဘွဲ့ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကျန်တဲ့ဘွဲ့အမျိုးအစားတွေမှာတော့ နဝတ လက်ထက်က စစ်ဗိုလ်ချုပ်ဟောင်းတွေကိုပေးထားပါတယ်။

ဒါအပြင် စစ်တပ်နဲ့ ဆက်ဆံရေးပြေလည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်အချို့ကိုလည်း မင်းအောင်လှိုင်ဂုဏ်ထူးဆောင်ပေးတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook