Connect with us

Hi, what are you looking for?

News

အာဆီယံ ခေါင်းဆောင်တွေကို မေလလယ်မှာ ဖိတ်ကြားတွေ့ဆုံမယ်လို့ အမေရိကန် ထုတ်ပြန်

အမေရိကန် အစိုးရဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ လက်တွေ့ ကျူးလွန်ခဲ့ကြောင်း တရားဝင် စွပ်စွဲထားပြီး ဖြစ်ပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံ အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ လပေါင်းအတော်ကြာ ကြိုးစားနေပေမယ့် သိသာတဲ့ တိုးတက်မှုတွေ မဖော်ဆောင်နိုင်ဘဲ ရုန်းကန်နေရပါတယ်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေနဲ့ မေလလယ်မှာ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။

ယူကရိန်း စစ်ပွဲ အပါအဝင် ကမ္ဘာ့ရေးရာ ပြဿနာတွေကြောင့် မတ်လမှာ မကျင်းပဖြစ်ဘဲ ရွှေ့ဆိုင်းခဲ့ရတဲ့ အမေရိကန်-အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံပွဲကို မေလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်သွားမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ အမေရိကန်က အိမ်ရှင်အဖြစ် တာဝန်ယူမှာဖြစ်ပြီး သမ္မတ ဂျိုးဘိုင်ဒန်ကိုယ်တိုင် တက်ရောက်မယ်လို့လည်း အတည်ပြုထားပါတယ်။

အာဆီယံ အသိုက်အဝန်းအပေါ် တရုတ်ရဲ့ ဩဇာ ဖြန့်ကျက်နိုင်စွမ်း ကျယ်ပြန့်လာတာကို တုံ့ပြန်ဖို့ အခု အစည်းအဝေးကို အမေရိကန် အစိုးရက မဟာဗျူဟာမြောက် အခင်းအကျင်းအဖြစ် အသုံးချလာဖွယ် ရှိနေပါတယ်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဂျန်ဆာကီက ဒီအစည်းအဝေးဟာ အာဆီယံနဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်မှုတွေကို ပိုမို ထင်ဟပ်စေလိမ့်မယ်လို့ ပြောပါတယ်။

အရှေ့တောင်အာရှမှာ အာဆီယံအပေါ် ယုံကြည်မှု တည်ဆောက်ပြီး ခိုင်ခိုင်မာမာ လက်တွဲပူးပေါင်း ဆောင်ရွက်ဖို့ ဆိုတာက အမေရိကန် အစိုးရရဲ့ ဦးစားပေး မူဝါဒတစ်ခု ဖြစ်တယ်လို့လည်း ဆာကီက ဆိုပါတယ်။ အရင်က ဒီအစည်းအဝေးကို မတ်လ ၂၈ နဲ့ ၂၉ ရက်တွေမှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အာဆီယံ နိုင်ငံ ခေါင်းဆောင်တချို့ တက်ရောက်ဖို့ အခက်အခဲ ဖြစ်ခဲ့သလို ယူကရိန်းရဲ့ စစ်ရေးပြဿနာတွေကလည်း ကြီးထွားနေတာမို့ ရက်ရွှေ့ဖို့ ဆုံးဖြတ်လိုက်ရတာပါ။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဟာ အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ကို မဟာဗျူဟာ ရည်မှန်းချက် တစ်ခုအဖြစ် ဦးစားပေး အကောင်အထည် ဖော်မယ်လို့ ပြောကြားထားပါတယ်။ မတ်လ ၂၉ ရက်တုန်းက ဘိုင်ဒန်ဟာ အိမ်ဖြူတော်မှာ စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းကို ဧည့်ခံ တွေ့ဆုံခဲ့ပါတယ်။ အာဆီယံနဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားနေတာက ဒေသတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုကို တန်ပြန်ဖို့ ဘိုင်ဒန် အနေနဲ့ ဖိဖိစီးစီး ကြိုးစားနေကြောင်း မြင်သာလာစေပါတယ်။

အာဆီယံ အဖွဲ့ဝင်တွေဖြစ်တဲ့ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ထဲမှာ တချို့ဟာ တရုတ်ရဲ့ အကြီးအကျယ် လွှမ်းမိုးမှုအောက်ကို အထင်အရှား ရောက်ရှိနေပြီး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင်ငံရဲ့ အာဏာသိမ်း စစ်ကောင်စီကို အစည်းအဝေး တက်ခွင့် ပေးမပေးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားသေးပါဘူး။ အရင် အာဆီယံ အစည်းအဝေးတွေမှာတော့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ဖယ်ထုတ်ထားခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေက လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ လက်တွေ့ ကျူးလွန်ခဲ့ကြောင်း တရားဝင် စွပ်စွဲထားပြီး ဖြစ်ပါတယ်။ အာဆီယံဟာ မြန်မာနိုင်ငံ အကျပ်အတည်းကို ကူညီဖြေရှင်းဖို့ လပေါင်းအတော်ကြာ ကြိုးစားနေပေမယ့် သိသာတဲ့ တိုးတက်မှုတွေ မဖော်ဆောင်နိုင်ဘဲ ရုန်းကန်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။