Connect with us

Hi, what are you looking for?

News

သန်လျင်မြို့တွင် ဆိုင်ကယ်တစ်စီး လူတစ်ဦးသာစီးနင်းရန် စစ်​ကောင်စီ ကန့်သတ်

သန်လျင်၌ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ သတင်းပေးကာ ပြည်သူများအား ဖိနှိပ်နေ​သော ဒလန်ရှင်းလင်းမှုများ မြို့ပြ​ပြောက်ကျားအဖွဲ့များက ဆက်တိုက်ပြုလုပ်​နေ၍ ဧပြီ ၁၈ရက်က ဒလန်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ယင်းကန့်သတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သန်လျင်မြို့တွင် ဧပြီ ၁၉ ရက်မှစတင်၍ ‌ဆိုင်ကယ်တစ်စီးလျင် လူတစ်ဦးသာ စီးနင်းရန် အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ယင်းမြို့ခံတစ်ဦးက ပြောသည်။

“သန်လျင်မြို့တွင် မနက်ဖြန်ကစပြီး အကြမ်းဖက်စစ်ကောင်စီက မော်တော်ဆိုင်ကယ် မောင်းနှင်သူများကို တစ်ယောက်ပဲစီးရမယ်လို့ ကန့်သတ်ထုတ်ပြန်လိုက်ကြောင်းသိရပါသည်။ဆိုင်ကယ်တစ်စီးကို တစ်ယောက်ပဲစီးရပြီး ကျား၊မ စီးလို့မရသလို့ မိန်းခလေးလည်း နှစ်ယောက်လည်း စီးလို့မရဘူးလို့ သိရပါသည်။”ဟု သန်လျင်မြို့ခံတစ်ဦးက ​ပြောသည်။

Public Service Announcement

သန်လျင်၌ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ သတင်းပေးကာ ပြည်သူများအား ဖိနှိပ်နေ​သော ဒလန်ရှင်းလင်းမှုများ မြို့ပြ​ပြောက်ကျားအဖွဲ့များက ဆက်တိုက်ပြုလုပ်​နေ၍ ဧပြီ ၁၈ရက်က ဒလန်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ယင်းကန့်သတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းသတ်မှတ်ချက်​ကြောင့် ခရီးသည်ပို့ဆောင်ရသည့် ဆိုင်ကယ်ကယ်ရီသမားများအတွက် ထိခိုက်မှုအများဆုံးဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းခွင့်မရှိဆိုသည့် ကန့်သတ်ချက် ထုတ်ပြန်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။