Connect with us

Hi, what are you looking for?

LuduNwayOo

News

သန်လျင်မြို့တွင် ဆိုင်ကယ်တစ်စီး လူတစ်ဦးသာစီးနင်းရန် စစ်​ကောင်စီ ကန့်သတ်

သန်လျင်၌ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ သတင်းပေးကာ ပြည်သူများအား ဖိနှိပ်နေ​သော ဒလန်ရှင်းလင်းမှုများ မြို့ပြ​ပြောက်ကျားအဖွဲ့များက ဆက်တိုက်ပြုလုပ်​နေ၍ ဧပြီ ၁၈ရက်က ဒလန်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ယင်းကန့်သတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သန်လျင်မြို့တွင် ဧပြီ ၁၉ ရက်မှစတင်၍ ‌ဆိုင်ကယ်တစ်စီးလျင် လူတစ်ဦးသာ စီးနင်းရန် အကြမ်းဖက်စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ယင်းမြို့ခံတစ်ဦးက ပြောသည်။

“သန်လျင်မြို့တွင် မနက်ဖြန်ကစပြီး အကြမ်းဖက်စစ်ကောင်စီက မော်တော်ဆိုင်ကယ် မောင်းနှင်သူများကို တစ်ယောက်ပဲစီးရမယ်လို့ ကန့်သတ်ထုတ်ပြန်လိုက်ကြောင်းသိရပါသည်။ဆိုင်ကယ်တစ်စီးကို တစ်ယောက်ပဲစီးရပြီး ကျား၊မ စီးလို့မရသလို့ မိန်းခလေးလည်း နှစ်ယောက်လည်း စီးလို့မရဘူးလို့ သိရပါသည်။”ဟု သန်လျင်မြို့ခံတစ်ဦးက ​ပြောသည်။

Public Service Announcement

သန်လျင်၌ ယခုရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီ သတင်းပေးကာ ပြည်သူများအား ဖိနှိပ်နေ​သော ဒလန်ရှင်းလင်းမှုများ မြို့ပြ​ပြောက်ကျားအဖွဲ့များက ဆက်တိုက်ပြုလုပ်​နေ၍ ဧပြီ ၁၈ရက်က ဒလန်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ယင်းကန့်သတ်ချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းသတ်မှတ်ချက်​ကြောင့် ခရီးသည်ပို့ဆောင်ရသည့် ဆိုင်ကယ်ကယ်ရီသမားများအတွက် ထိခိုက်မှုအများဆုံးဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးနင်းခွင့်မရှိဆိုသည့် ကန့်သတ်ချက် ထုတ်ပြန်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။