Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက် အကြမ်းဖက်ဖမ်းဆီး

“သပိတ်ကိုကားနဲ့ဝင်ခွဲတာမှန်ပါတယ်။ ကျွန်တော်တို့ လူစုခွဲတာမြန်လို့ မတိုက်ခံလိုက်ရပါဘူး။ ကျွန်တော် Safe ဖြစ်ပါတယ်။ အနီးနားက ကားပေါ်က အပြစ်မဲ့ ပြည်သူ သုံးယောက် အဖမ်းခံရတယ်လို့ကြားရပါတယ်ဗျ “ဟု သပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

People's Spring
People's Spring

▪️အနီးရှိ အပြစ်မဲ့ပြည်သူသုံးဦးဖမ်းဆီးခံရ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် (၃၁) ဂိတ်အနီး သံသုမာလမ်းပေါ်တွင် ယနေ့ (ဧပြီ ၂၀) ညနေပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြသည့် လူငယ်အချို့ကို အကြမ်းဖက် စစ်ကောင်စီဝင်များက စစ်ကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးခဲ့ကြောင်း သပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးက ​ပြောသည်။

ယနေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် တောင်ဥက္ကလာပမြို့မယ် သံသုမာလမ်းပေါ်တွင် ပြုလုပ်သည့် ယင်းဆန္ဒပြပွဲကို စစ်ကောင်စီဝင်များက စစ်ကားဖြင့် အကြမ်းဖက် ဝင်တိုက်၍ ဖမ်းဆီးခဲ့ရာ သပိတ်နှင့်မသက်ဆိုင်သည့် အနီးရှိအပြစ်မဲ့ လူငယ်သုံးဦး ဖမ်းဆီးခံရကြောင်း သိရသည်။

“သပိတ်ကိုကားနဲ့ဝင်ခွဲတာမှန်ပါတယ်။ ကျွန်တော်တို့ လူစုခွဲတာမြန်လို့ မတိုက်ခံလိုက်ရပါဘူး။ ကျွန်တော် Safe ဖြစ်ပါတယ်။ အနီးနားက ကားပေါ်က အပြစ်မဲ့ ပြည်သူ သုံးယောက် အဖမ်းခံရတယ်လို့ကြားရပါတယ်ဗျ “ဟု သပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ ညနေပိုင်းတွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်၍ ပိတ်ဆို့ ဖမ်းဆီးမှု လုပ်ဆောင်ခဲ့သော်လည်း သပိတ်ရဲဘော်ဝင်များ ဘေးကင်းခဲ့ကြောင်း၊ သပိတ်နှင့် မသက် ဆိုင်သည့် အနီးရှိလူငယ်အချို့ ဖမ်းဆီးခံရကြောင်း စမ်းချောင်းပင်မသပိတ်က ထုတ်ပြန်သည်။

” စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲဘော်များပါဝင်သော သပိတ်ပွဲလုပ်နေတဲ့နေရာကို စစ်ခွေးများမှ ကားနဲ့တိုက်ပြီး ပိတ်ဆို့ ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။ မိမိတို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲဘော်များအားလုံး နှင့် အခြားအဖွဲ့မှရဲဘော်များအားလုံး ဘေးကင်းလုံခြုံသောနေ‌ရာတွင် ရောက်ရှိနေပါကြောင်းနှင့် လမ်းပေါ်‌တွင်‌ တွေ့သော သပိတ်နဲ့ ပတ်သက်ချင်းမရှိသော ပြည်သူများအားစစ်ခွေးများမှ ဖမ်းစီးလျှက်ရှိကြောင်း သိရပါတယ် ” ဟု ထုတ်ပြန်သည်။

လက်ရှိတွင် တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်၌ အကြမ်းဖက် စစ်ကောင်စီဝင်များက စစ်ကားများ ပိတ်ဆို့၍ စစ်ဆေးနေကြောင်း ဒေသခံများက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။