Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက် အကြမ်းဖက်ဖမ်းဆီး

“သပိတ်ကိုကားနဲ့ဝင်ခွဲတာမှန်ပါတယ်။ ကျွန်တော်တို့ လူစုခွဲတာမြန်လို့ မတိုက်ခံလိုက်ရပါဘူး။ ကျွန်တော် Safe ဖြစ်ပါတယ်။ အနီးနားက ကားပေါ်က အပြစ်မဲ့ ပြည်သူ သုံးယောက် အဖမ်းခံရတယ်လို့ကြားရပါတယ်ဗျ “ဟု သပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

People's Spring
People's Spring

▪️အနီးရှိ အပြစ်မဲ့ပြည်သူသုံးဦးဖမ်းဆီးခံရ

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် (၃၁) ဂိတ်အနီး သံသုမာလမ်းပေါ်တွင် ယနေ့ (ဧပြီ ၂၀) ညနေပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြသည့် လူငယ်အချို့ကို အကြမ်းဖက် စစ်ကောင်စီဝင်များက စစ်ကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးခဲ့ကြောင်း သပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးက ​ပြောသည်။

ယနေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် တောင်ဥက္ကလာပမြို့မယ် သံသုမာလမ်းပေါ်တွင် ပြုလုပ်သည့် ယင်းဆန္ဒပြပွဲကို စစ်ကောင်စီဝင်များက စစ်ကားဖြင့် အကြမ်းဖက် ဝင်တိုက်၍ ဖမ်းဆီးခဲ့ရာ သပိတ်နှင့်မသက်ဆိုင်သည့် အနီးရှိအပြစ်မဲ့ လူငယ်သုံးဦး ဖမ်းဆီးခံရကြောင်း သိရသည်။

“သပိတ်ကိုကားနဲ့ဝင်ခွဲတာမှန်ပါတယ်။ ကျွန်တော်တို့ လူစုခွဲတာမြန်လို့ မတိုက်ခံလိုက်ရပါဘူး။ ကျွန်တော် Safe ဖြစ်ပါတယ်။ အနီးနားက ကားပေါ်က အပြစ်မဲ့ ပြည်သူ သုံးယောက် အဖမ်းခံရတယ်လို့ကြားရပါတယ်ဗျ “ဟု သပိတ်တွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။

Public Service Announcement

Public Service Announcement

ယနေ့ ညနေပိုင်းတွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်၍ ပိတ်ဆို့ ဖမ်းဆီးမှု လုပ်ဆောင်ခဲ့သော်လည်း သပိတ်ရဲဘော်ဝင်များ ဘေးကင်းခဲ့ကြောင်း၊ သပိတ်နှင့် မသက် ဆိုင်သည့် အနီးရှိလူငယ်အချို့ ဖမ်းဆီးခံရကြောင်း စမ်းချောင်းပင်မသပိတ်က ထုတ်ပြန်သည်။

” စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲဘော်များပါဝင်သော သပိတ်ပွဲလုပ်နေတဲ့နေရာကို စစ်ခွေးများမှ ကားနဲ့တိုက်ပြီး ပိတ်ဆို့ ဖမ်းဆီးမှုတွေလုပ်ခဲ့ပါတယ်။ မိမိတို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းရဲဘော်များအားလုံး နှင့် အခြားအဖွဲ့မှရဲဘော်များအားလုံး ဘေးကင်းလုံခြုံသောနေ‌ရာတွင် ရောက်ရှိနေပါကြောင်းနှင့် လမ်းပေါ်‌တွင်‌ တွေ့သော သပိတ်နဲ့ ပတ်သက်ချင်းမရှိသော ပြည်သူများအားစစ်ခွေးများမှ ဖမ်းစီးလျှက်ရှိကြောင်း သိရပါတယ် ” ဟု ထုတ်ပြန်သည်။

လက်ရှိတွင် တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းပေါ်၌ အကြမ်းဖက် စစ်ကောင်စီဝင်များက စစ်ကားများ ပိတ်ဆို့၍ စစ်ဆေးနေကြောင်း ဒေသခံများက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

Facebook