Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ကို နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက်ဖိအားပေးမည်ဟု အမေရိကန်သံရုံးထုတ်ပြန်

အမေရိကန်သံရုံးသည် နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဦးဝင်းတင်(ဟံသာ၀တီ) ကွယ်လွန်ခြင်း (၈) နှစ်ပြည့်ကို ဂုဏ်ပြုကာ ဦးဝင်းတင်၏ ‘ကျားရဲ ငါ’ ကဗျာထဲက စာသားအချို့ကို ကောက်နုတ်ဖော်ပြ သည်။

အမေရိကန်အစိုးရသည် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ စစ်အာဏာရှင်ကို ဖိအားပေးရန် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဟု ယနေ့ထုတ်ပြန်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ အကြမ်းဖက်မှုများရပ်တန့်ရေးနှင့် မတရားထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရေး ဖိအားပေးရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဆီးအတားမရှိ ပေးအပ်နိုင်ရေးနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ပို့ဆောင်ရေးတို့အတွက် နိုင်ငံတကာမိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းလုပ် ဆောင်သွားမည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက ထုတ်ပြန်သည်။

အမေရိကန်သံရုံးသည် နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီး ဦးဝင်းတင်(ဟံသာ၀တီ) ကွယ်လွန်ခြင်း (၈) နှစ်ပြည့်ကို ဂုဏ်ပြုကာ ဦးဝင်းတင်၏ ‘ကျားရဲ ငါ’ ကဗျာထဲက စာသားအချို့ကို ကောက်နုတ်ဖော်ပြ သည်။

“တိရစ္ဆာန်ရုံက ကျားလို၊ လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့၊ ကျားညွန့်တုန်းတွေ ထင်သလား။ မှားလိုက်တဲ့ အမြင်၊ ဟားတိုက်လို့ ရယ်ချင်စရာ။ မှတ်ထားဟေ့။ အဝါပေါ်မှာ အနက်စင်း၊ မပျက်မယွင်း ကွက်ကွက်ကွင်း၊ အရှင်းသား မလွဲသရွေ့၊ အထင်းသား စွဲသရွေ့၊ ကျားရဲဟာ ကျားရဲ၊ ငါလည်း အဲဒီလိုပဲကွဟေ့” ဟု သံရုံးက ဦးဝင်းတင်၏ ကဗျာစာသားကို မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

အမေရိကန်သည် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုကို အပြင်းအထန်ကန့်ကွက်ရှုတ်ချထားပြီး အာဏာသိမ်းမှုအပြီး အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းအရာရှိ များ၊ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ ၎င်းတို့ကို ထောက်ခံအားပေးသူများ၊ ဆက်စပ်စီးပွားရေး လုပ်ငန်းများကို ပိတ်ဆို့ဒဏ်ခတ်မှုများ ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။