Connect with us

Hi, what are you looking for?

News

လေးကေကော်နီးက ဖလူးတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ဦးသေတယ်လို့ ကော်ဘရာစစ်ကြောင်းထုတ်ပြန်

ဧပြီ ၂၁ ရက် ည ၆ နာရီခွဲအချိန်ခန့်က ​KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁)တပ်တို့အကြား ဖလူးကျေးရွာအနီးမှာ ထိတွေ့မှုဖြစ်ပွားခဲ့တာပါ။

လေးကေကော်‌ဒေသအနီးက ဖလူးကျေးရွာမှာ မနေ့ညကပိုင်းက ကော်ဘရာစစ်ကြောင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၁ ရက် ည ၆ နာရီခွဲအချိန်ခန့်က ​KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄) လက်အောက်ခံ ခမရ(၁)တပ်တို့အကြား ဖလူးကျေးရွာအနီးမှာ ထိတွေ့မှုဖြစ်ပွားခဲ့တာပါ။

Public Service Announcement

အဲ့ဒီထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကာ ကော်ဘရာစစ်ကြောင်းအဖွဲ့က တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်ကြီးစ ထိမှန်ခဲ့ကာ မစိုးရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ည ၇ နာရီ ၁၀ မိနစ်အချိန်ကနေ ည ၁၁ နာရီအထိ စစ်ကောင်စီက စွယ်တော်ကုန်းကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လျက်ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။