Connect with us

Hi, what are you looking for?

News

ပေါက်နယ်ရှိ ဒီးဒုတ်ကွင်း ပျူစောထီးရွာကို PDF ပူးပေါင်းတပ် ဝင်တိုက်၊ စစ်ကူလာသည့် စစ်ကောင်စီ ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်

“အဲဒီမှာ ဒီးဒုတ်ကွင်းရွာ ကိုဝင်စီးတဲ့အချိန်မှာ ပေါက်ကနေစစ်ကား တစ်စီးက စစ်ကူလာတာ။ အဲဒါကို ကျွန်တော်တို့က လမ်းမှာ စောင့်ပြီး ဆွဲမိုင်းတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရရှိမှုက ဆက်လက်စုံစမ်းနေဆဲပါ” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

▪️ပေါက်နယ်ရှိ ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်း ပျူစောထီးများ ပါဝင်

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

Young Revolution Front (YRF)နှင့် ဒေသခံမဟာမိတ်တပ်ပေါင်းစုတို့ စုပေါင်းကာ ဧပြီ ၂၄ရက် နေ့လယ် ၂နာရီခွဲမှစ၍ ဒီးဒုတ်ကွင်းရွာကို တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု YRFက ထုတ်ပြန်ထားသည်။

Public Service Announcement

“အဲဒီမှာ ဒီးဒုတ်ကွင်းရွာ ကိုဝင်စီးတဲ့အချိန်မှာ ပေါက်ကနေစစ်ကား တစ်စီးက စစ်ကူလာတာ။ အဲဒါကို ကျွန်တော်တို့က လမ်းမှာ စောင့်ပြီး ဆွဲမိုင်းတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရရှိမှုက ဆက်လက်စုံစမ်းနေဆဲပါ” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးများသည် ပေါက်မြို့နယ် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် ပါဝင်ခဲ့ပြီး ရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်းတို့ပြုလုပ်ခဲ့၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် ပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်တောင်ပိုင်း၊ အရှေ့တောင်ပိုင်း တို့မှ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အဆိုပါဒေသများနှင့် ဆက်စပ်သည် ပခုက္ကူ မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့မှ ရွာအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ ရွာပေါင်း ၂၀ ကျော်မီးရှို့ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။