Connect with us

Hi, what are you looking for?

News

ပေါက်နယ်ရှိ ဒီးဒုတ်ကွင်း ပျူစောထီးရွာကို PDF ပူးပေါင်းတပ် ဝင်တိုက်၊ စစ်ကူလာသည့် စစ်ကောင်စီ ယာဉ်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်

“အဲဒီမှာ ဒီးဒုတ်ကွင်းရွာ ကိုဝင်စီးတဲ့အချိန်မှာ ပေါက်ကနေစစ်ကား တစ်စီးက စစ်ကူလာတာ။ အဲဒါကို ကျွန်တော်တို့က လမ်းမှာ စောင့်ပြီး ဆွဲမိုင်းတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရရှိမှုက ဆက်လက်စုံစမ်းနေဆဲပါ” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

▪️ပေါက်နယ်ရှိ ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်စစ်ကြောင်း ပျူစောထီးများ ပါဝင်

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ဒီးဒုတ်ကွင်း ပျူစောထီးရွာကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပေါက်မြို့နယ်တောင်ပိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

Young Revolution Front (YRF)နှင့် ဒေသခံမဟာမိတ်တပ်ပေါင်းစုတို့ စုပေါင်းကာ ဧပြီ ၂၄ရက် နေ့လယ် ၂နာရီခွဲမှစ၍ ဒီးဒုတ်ကွင်းရွာကို တိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့သည်ဟု YRFက ထုတ်ပြန်ထားသည်။

Public Service Announcement

“အဲဒီမှာ ဒီးဒုတ်ကွင်းရွာ ကိုဝင်စီးတဲ့အချိန်မှာ ပေါက်ကနေစစ်ကား တစ်စီးက စစ်ကူလာတာ။ အဲဒါကို ကျွန်တော်တို့က လမ်းမှာ စောင့်ပြီး ဆွဲမိုင်းတစ်လုံးနဲ့ တိုက်ခိုက်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရရှိမှုက ဆက်လက်စုံစမ်းနေဆဲပါ” ဟု PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးများသည် ပေါက်မြို့နယ် တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးရာတွင် ပါဝင်ခဲ့ပြီး ရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခြင်းတို့ပြုလုပ်ခဲ့၍ စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် ပျူစောထီးများသည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်တောင်ပိုင်း၊ အရှေ့တောင်ပိုင်း တို့မှ ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အဆိုပါဒေသများနှင့် ဆက်စပ်သည် ပခုက္ကူ မြို့နယ်နှင့် ဆိပ်ဖြူမြို့နယ်တို့မှ ရွာအချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ရာ ရွာပေါင်း ၂၀ ကျော်မီးရှို့ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့