Connect with us

Hi, what are you looking for?

News

ဝန်းသိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ကျေးရွာရှစ်ရွာကို မီးရှို့ဖျက်ဆီး၊ သံဃာတစ်ပါးနှင့် အမျိုးသမီးတစ်ဦးကိုလည်း ပစ်သတ်

ဝန်းသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင် စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ဧပြီ ၂၃ ရက် (ယမန်နေ့)ည ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့သည်။

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာရှစ်ရွာအား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သံဃာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦးကိုလည်း အကြောင်းမဲ့ပစ်သတ်သွားကြောင်း Wuntho Revolution – WR က ယနေ့(ဧပြီ ၂၄)ထုတ်ပြန်သည်။

ယနေ့ နေ့လယ် ၁၂ နာရီ ၄၅ ခန့်မှစ၍ ဝန်းသိုမြို့နယ်ရှိ စိန်လည်၊ သပြေကုန်း၊ ရှမ်းစု၊ ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ အလယ်ခုံ၊ အောင်းကုန်း နှင့် ရွှေတောင်ကုန်းကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့ရာ စိန်လည်၊ သပြေကုန်း၊ အောင်းကုန်းနှင့် ရှမ်းစုရွာတို့မှာ တစ်ရွာလုံးနီးပါး ပြာကျခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် မီးရှို့ဖျက်ဆီးခြင်းကို တားမြစ်ခဲ့သည့် သပြေကုန်းကျေးရွာမှ ဆရာတော်တစ်ပါးအား စစ်တပ်ကာ ပစ်သတ်ခဲ့သည့်အပြင် အမျိုးသမီးတစ်ဦးကိုပါ အကြောင်း မဲ့ ပစ်သတ်ခဲ့သည်ဟု ထုတ်ပြန်သည်။

ယင်းအပြင် ကြိုင်းခွင်ကျေးရွာမှ ဦးမြင့်ဝေ၊ စိန်လည်ကျေးရွာမှ ဦးထွန်းနိုင်နှင့် အောင်းကုန်းကျေးရွာမှ ပြည်သူနှစ်ဦိးကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုရန် အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဝန်းသိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင် စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များကြား ဧပြီ ၂၃ ရက် (ယမန်နေ့)ည ၁၁ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်