Connect with us

Hi, what are you looking for?

News

ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ငွေတိုက်စာချုပ်ကိုယ်တိုင်ဝယ်ယူပြီး ကူညီရောင်းချပေး

အမေရိကန်တွင် NUG ငွေတိုက်စာချုပ်ရောင်းချသည့် အခြားသော အရောင်းကိုယ်စားလှယ်များလည်း ရှိပြီး ဦးမျိုးသိမ်းထွန်း တစ်ဦးတည်းကပင် ၄ လအတွင်း ဒေါ်လာ ၉၆၀၀၀၀ ကျော် ရောင်းချ ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ဓာတ်ပုံ - Terry Win

အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီတွင် ကျင်းပသော NUG ငွေတိုက်စာချုပ်ရောင်းချပွဲ၌ ကုလသမဂ္ဂဆိုင် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုယ်တိုင်ဝယ်ယူပြီး ကူညီရောင်းချပေးခဲ့ကြောင်း ငွေတိုက်စာချုပ်အရောင်းကိုယ်စားလှယ် ဦးမျိုးသိမ်းထွန်းက ပြောသည်။

ဧပြီ ၂၄ ရက်တွင် နယူးဂျာစီရှိ လောကချမ်းသာစေတီတော်၌ နှစ်သစ်ကူးစျေးရောင်းပွဲတော်နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ငွေတိုက်စာချုပ်ရောင်းချပွဲကို ပြုလုပ်ခဲ့ရာ တစ်ရက်တည်း ငွေတိုက်စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၁,၅၀၀ ရောင်းချခဲ့ရသည်။

“လူသိများတဲ့ သံအမတ်ကြီးကိုယ်တိုင်ရောင်းပေးတော့ ပိုရောင်းရတယ်။ ကုလသမဂ္ဂမှာလည်း သံအမတ်ကြီးက မြန်မာပြည်အရေးအတွက် စွမ်းစွမ်းတမံလုပ်ဆောင်နေတယ်။ ဒီက မြန်မာတွေကတော့ ရှင်းတယ်။ စစ်ကောင်စီပြုတ်ကျရေးပဲ။ ငွေတိုက်စာချုပ်လည်း ရောင်းတဲ့သူရှိတာနဲ့ ဝယ်ကြတယ်။ တော်တော်ဝယ်ကြတယ်။ ဒီနေ့တစ်ရက်တည်း လူ ၁၅၀ က ၁၀၁,၅၀၀ ဖိုးဝယ်တာပဲကြည့်လေ” ဟု ဦးမျိုးသိမ်းထွန်းက ပြောသည်။

အမေရိကန်တွင် NUG ငွေတိုက်စာချုပ်ရောင်းချသည့် အခြားသော အရောင်းကိုယ်စားလှယ်များလည်း ရှိပြီး ဦးမျိုးသိမ်းထွန်း တစ်ဦးတည်းကပင် ၄ လအတွင်း ဒေါ်လာ ၉၆၀၀၀၀ ကျော် ရောင်းချ ပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက လက်ရှိအချိန်အထိ ငွေတိုက်စာချုပ် ၇ သောင်းခွဲခန့် ရောင်းချခဲ့ရပြီး ငွေတိုက်စာချုပ်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်ရောင်းချခဲ့ရကြောင်း ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ