Connect with us

Hi, what are you looking for?

News

အင်းတော် PDFက ဗန်းမောက်မြို့အထိဝင်ရောက်ကာ စစ်ကောင်စီကို တိုက်ခိုက်

အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်သည် မိုင်းဆွဲတိုက်ခိုက်ရာတွင်လည်း နာမည်ကြီးပြီး ယခုအခါ အနီးပတ်ဝန်းကျင်မြို့အထိဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားသုံးဦး သုတ်သင်နိုင်ပြီး လက်နက်ခဲယမ်းများရရှိခဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် ဗန်းမောက်မြို့အဝင်စစ်ဆေးရေးဂိတ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးခဲ့သည်။

ဗန်းမောက်မြို့အဝင်စစ်ဆေးရေးဂိတ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၂၆ရက်) နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အပြန်အလှန်ပစ်ကြသေးတယ်။ ခဏနေတော့ စစ်ခွေးတွေဘက်က ထွက်ပြေးတယ်။
ရဲနှစ်ယောက်၊ မီးသတ်တစ်ယောက်သေတယ်။ ကလေးတွေ( ပြည်သူ့ကာကွယ်ရေးရဲဘော်များ) ဘက်က မထိခိုက်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

” ဗန်းမောက် စစ်ဆေးရေးဂိတ်အား အင်းတော် PDFမှ ညနေ၂နာရီအချိန်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့။ ဂိတ်စောင့် ရဲနှစ်ယောက်၊ မီးသတ်တစ်ယောက် ​ေသဆုံး၊ အများအပြား ဒဏ်ရရပြီး G3 နှစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ G3ကျည် တောင့်၇၇တောင့် ခြောက်လုံးပြူးကျည် ၆တောင်၊အိုင်ကွန်တစ်လုံး၊ ဖုန်းတစ်လုံး၊ လက်ထိတ်တစ်ခု သိမ်းဆည်း ရမိခဲ့ပါတယ်”ဟုအင်းတော် ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Indaw Revolution -IRက ထုတ်ပြန်ထားသည်။

စစ်ဆေးရေးဂိတ်အနီးရှိ စက်သုံးဆီဆိုင် မီးလောင်ခဲ့ပြီး လူထိခိုက်မှုမရှိဟု ဒေသခံများကပြောသည်။

“ဗန်းမောက်တစ်မြို့လုံး အကုန်တံခါးပိတ်ပြီးနေနေရတယ်”ဟု ဗန်မောက်မြို့ဒေသခံတစ်ဦးက ပြောသည်။

အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်သည် မိုင်းဆွဲတိုက်ခိုက်ရာတွင်လည်း နာမည်ကြီးပြီး ယခုအခါ အနီးပတ်ဝန်းကျင်မြို့အထိဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook