Connect with us

Hi, what are you looking for?

LuduNwayOo

News

အင်းတော် PDFက ဗန်းမောက်မြို့အထိဝင်ရောက်ကာ စစ်ကောင်စီကို တိုက်ခိုက်

အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်သည် မိုင်းဆွဲတိုက်ခိုက်ရာတွင်လည်း နာမည်ကြီးပြီး ယခုအခါ အနီးပတ်ဝန်းကျင်မြို့အထိဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သားသုံးဦး သုတ်သင်နိုင်ပြီး လက်နက်ခဲယမ်းများရရှိခဲ့

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည့် ဗန်းမောက်မြို့အဝင်စစ်ဆေးရေးဂိတ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦး သေဆုံးခဲ့သည်။

ဗန်းမောက်မြို့အဝင်စစ်ဆေးရေးဂိတ်ကို အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဧပြီ ၂၆ရက်) နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အပြန်အလှန်ပစ်ကြသေးတယ်။ ခဏနေတော့ စစ်ခွေးတွေဘက်က ထွက်ပြေးတယ်။
ရဲနှစ်ယောက်၊ မီးသတ်တစ်ယောက်သေတယ်။ ကလေးတွေ( ပြည်သူ့ကာကွယ်ရေးရဲဘော်များ) ဘက်က မထိခိုက်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

” ဗန်းမောက် စစ်ဆေးရေးဂိတ်အား အင်းတော် PDFမှ ညနေ၂နာရီအချိန်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့။ ဂိတ်စောင့် ရဲနှစ်ယောက်၊ မီးသတ်တစ်ယောက် ​ေသဆုံး၊ အများအပြား ဒဏ်ရရပြီး G3 နှစ်လက်၊ ခြောက်လုံးပြူးတစ်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ G3ကျည် တောင့်၇၇တောင့် ခြောက်လုံးပြူးကျည် ၆တောင်၊အိုင်ကွန်တစ်လုံး၊ ဖုန်းတစ်လုံး၊ လက်ထိတ်တစ်ခု သိမ်းဆည်း ရမိခဲ့ပါတယ်”ဟုအင်းတော် ပြည်သူ့ကာကွယ်ရေးတပ်၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Indaw Revolution -IRက ထုတ်ပြန်ထားသည်။

စစ်ဆေးရေးဂိတ်အနီးရှိ စက်သုံးဆီဆိုင် မီးလောင်ခဲ့ပြီး လူထိခိုက်မှုမရှိဟု ဒေသခံများကပြောသည်။

“ဗန်းမောက်တစ်မြို့လုံး အကုန်တံခါးပိတ်ပြီးနေနေရတယ်”ဟု ဗန်မောက်မြို့ဒေသခံတစ်ဦးက ပြောသည်။

အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်သည် မိုင်းဆွဲတိုက်ခိုက်ရာတွင်လည်း နာမည်ကြီးပြီး ယခုအခါ အနီးပတ်ဝန်းကျင်မြို့အထိဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။