ပဲခူးတိုင်း၊ ကဝမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ဝင်းနိုင်မှာ သေနတ်ဖြင့် ငါးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။
ပစ်သတ်ခံရသူ ရဲမှူးသည် အကြမ်းဖက်စစ်ကောင်စီ၏ ကဝမြို့နယ်လုံခြုံရေးနှင့် သတင်းစုံစမ်းရေးအဖွဲ့မှာ ဥက္ကဌအဖြစ် တာဝန်ယူထားသူဟု ၎င်းတို့က ဆိုသည်။
“ဒီမနက် ၆ နာရီလောက်က ပစ်သတ်ခံရတာ။(၃) ရပ်ကွက်က မင်းကြိုက်လက်ဘက်ရည်ဆိုင်မှာ “ဟု ကဝမြို့နယ်နေသူတစ်ဦးက ရှင်းပြသည်။

ရဲမှူးဝင်းနိုင်သည် နောက်စေ့ကျည်ထိဒဏ်ရာ နှစ်ချက်၊ ငယ်ထိပ်ဖောက်ဝင်ဒဏ်ရာနှစ်ချက်နှင့် ဇက်ပိုးဖောက်ဝင် ဒဏ်ရာတစ်ချက်ဖြင့် နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

Public Service Announcement
လက်ရှိတွင် အခင်းဖြစ်ရာနေရာနှင့် ကဝမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့စစ် ဆေးမှုများပြုလုပ်နေသည်ဟု သိရသည်။
အကြမ်းဖက်စစ်ကောင်စီထောက်တိုင် ရဲမှူးကို ရှင်းလင်းခဲ့သည့် ရဲဘော်များမှာ လုံခြုံဘေးကင်းမှုရှိပြီဟု ကဝမြို့တော်လှန်ရေး အင်အားစုအဖွဲ့နှင့် နီးစပ်သူအချို့က အတည်ပြုသည်။


















































