Connect with us

Hi, what are you looking for?

News

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်ယာဥ်များ မိုင်းဆွဲခံရပြီးနောက် ကျေးရွာများအား ရမ်းကားပစ်ခတ်နေ၍ ပြည်သူများထွက်ပြေးတိမ်းရှောင်

A R Fအဖွဲ့သည် နေရာများစွာ မိုင်းများခွဲထား၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ခန့်ကျသည်ဟုသိရကြောင်း၊ ခင်ဦး – ရေဦး လမ်းပိုင်း အခြေအနေ ရှုပ်ထွေးနေ၍ ပြည်သူများလမ်းပေါ်လုံးဝ မတက်ကြပါရန်လည်း သတိပေးထားသည်။

(မိမိတို့ကျေးရွာမီးရှို့နေသည်ကို ရှောင်တိမ်းရင်းပြန်ကြည့်နေကြသည့် သံဘိုကျေးရွာ ပြည်သူများအား ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ထွက်ပြေးစဥ် အမျိုးသားတစ်ဦးမှာ ကြွက်တက်သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်များ မိုင်းဆွဲခံရပြီးနောက် ကျေးရွာများအား ရမ်းကားပစ်ခတ်နေသောကြောင့် ကျေးရွာ ငါးရွာရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ ထွက်ပြေးစဥ် အမျိုးသားတစ်ဦးမှာ ကြွက်တက်သေဆုံးသွားကြောင်း ၎င်းတို့က ပြောသည်။

ယနေ့ (ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရွှေဘိုမြို့ဘက်မှလာသော သံချပ်ကာကားပုံစံပြုလုပ်ထားသော အကြမ်းဖက်စစ်ကောင်စီ၏ ဖောကား(၁၀)စီးအား ARF အဖွဲ့မှ နေရာလေးနေရာမှ မိုင်းဆွဲတိုက်ခိုက်ရာ ကားနှစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း Armed Revolutionary Force K.U အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

A R Fအဖွဲ့သည် နေရာများစွာ မိုင်းများခွဲထား၍ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ခန့်ကျသည်ဟုသိရကြောင်း၊ ခင်ဦး – ရေဦး လမ်းပိုင်း အခြေအနေ ရှုပ်ထွေးနေ၍ ပြည်သူများလမ်းပေါ်လုံးဝ မတက်ကြပါရန်လည်း သတိပေးထားသည်။

အကြမ်းဖက်စစ်တပ်က မိုင်းခွဲခံရသည့် ခင်ဦး-ရေဦး ကားလမ်းဘေးရှိ ကျေးရွာများအား ဝင်ရောက်ရမ်းကားမွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်နေ၍ ရွာငါးရွာခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာနှင့် အင်းပတ်ကွေ့အနီးတွင် ပြည်သူများအား စစ်ဆေးရိုက်နှက်နှိပ်စက်နေပြီး ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ခင်ဦးမြို့နယ်အတွင်း ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေပြီး ဧပြီ ၂၆ ရက်က သံဘိုကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။