Connect with us

Hi, what are you looking for?

News

လောင်းလုံမြို့နယ်တွင် ပျူစောထီးအဖွဲ့က နေအိမ်အတွင်းဝင်ပစ်၍ ပြည်သူနှစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာပြင်းထန်

နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရသော ပြည်သူသုံးဦးမှာ အသက်(၇၀)ခန့်ရှိ ဦးဖေသန်း၊ အသက် (၅၀) ဝန်းကျင်ရှိ ဦးကျော်ထွေးနှင့် ဦးဖေမွန်တို့ဖြစ်ကြပြီး ဦးဖေမွန်မှာ ဒဏ်ရာအပြင်း အထန်ရရှိကာ ကျန်နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ဦးဖေမွန်အားတွေ့ရစဥ်(ဓာတ်ပုံ - ပေးပို့)

ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် စစ်ကောင်စီအောက်စွဲ ပျူစောထီးအဖွဲ့က နေအိမ်အတွင်းဝင်​ရောက်ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ယနေ့(ဧပြီ ၂၉) ထုတ်ပြန် သည်။

ပျူစောထီးအဖွဲ့ဝင်များသည် ယမန်နေ့(ဧပြီ ၂၈)ည ၉ နာရီဝန်းကျင်က လောင်းလုံနယ် ပန္ဒလဲကျေးရွာအတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူသုံးဦးကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရသော ပြည်သူသုံးဦးမှာ အသက်(၇၀)ခန့်ရှိ ဦးဖေသန်း၊ အသက် (၅၀) ဝန်းကျင်ရှိ ဦးကျော်ထွေးနှင့် ဦးဖေမွန်တို့ဖြစ်ကြပြီး ဦးဖေမွန်မှာ ဒဏ်ရာအပြင်း အထန်ရရှိကာ ကျန်နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခုလိုလုပ်ရပ်ဟာ တော်တော်ယုတ်မာအောက်တန်းကျတဲ့ လူမဆန်နဲ့လုပ်ရပ်ပဲ။ စစ်ကောင်စီကလည်း ဒါကို တရားဝင်ခွင့်ပြုပေးထားတာတင်မကဘဲ လက်နက်ပါတပ်ဆင်ပေးထားတယ်”ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝခရိုင်)မှ ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ဦးဖေမွန်မှာ လက်ရှိတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။