Connect with us

Hi, what are you looking for?

News

လောင်းလုံမြို့နယ်တွင် ပျူစောထီးအဖွဲ့က နေအိမ်အတွင်းဝင်ပစ်၍ ပြည်သူနှစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာပြင်းထန်

နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရသော ပြည်သူသုံးဦးမှာ အသက်(၇၀)ခန့်ရှိ ဦးဖေသန်း၊ အသက် (၅၀) ဝန်းကျင်ရှိ ဦးကျော်ထွေးနှင့် ဦးဖေမွန်တို့ဖြစ်ကြပြီး ဦးဖေမွန်မှာ ဒဏ်ရာအပြင်း အထန်ရရှိကာ ကျန်နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ဦးဖေမွန်အားတွေ့ရစဥ်(ဓာတ်ပုံ - ပေးပို့)

ထားဝယ်ခရိုင် လောင်းလုံမြို့နယ်တွင် စစ်ကောင်စီအောက်စွဲ ပျူစောထီးအဖွဲ့က နေအိမ်အတွင်းဝင်​ရောက်ပစ်ခတ်၍ ပြည်သူနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ယနေ့(ဧပြီ ၂၉) ထုတ်ပြန် သည်။

ပျူစောထီးအဖွဲ့ဝင်များသည် ယမန်နေ့(ဧပြီ ၂၈)ည ၉ နာရီဝန်းကျင်က လောင်းလုံနယ် ပန္ဒလဲကျေးရွာအတွင်းဝင်ရောက်ကာ အပြစ်မဲ့ပြည်သူသုံးဦးကို နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ခံရသော ပြည်သူသုံးဦးမှာ အသက်(၇၀)ခန့်ရှိ ဦးဖေသန်း၊ အသက် (၅၀) ဝန်းကျင်ရှိ ဦးကျော်ထွေးနှင့် ဦးဖေမွန်တို့ဖြစ်ကြပြီး ဦးဖေမွန်မှာ ဒဏ်ရာအပြင်း အထန်ရရှိကာ ကျန်နှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခုလိုလုပ်ရပ်ဟာ တော်တော်ယုတ်မာအောက်တန်းကျတဲ့ လူမဆန်နဲ့လုပ်ရပ်ပဲ။ စစ်ကောင်စီကလည်း ဒါကို တရားဝင်ခွင့်ပြုပေးထားတာတင်မကဘဲ လက်နက်ပါတပ်ဆင်ပေးထားတယ်”ဟု ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝခရိုင်)မှ ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော ဦးဖေမွန်မှာ လက်ရှိတွင် ထားဝယ်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ပျူစောထီးတစ်ဦး စစ်ကောက်စီတပ်သားများထံမှ လက်နက်ခိုးယူ၍ အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဲတပ်သားတစ်ဦးအား ပစ်သတ်ပြီး သေနတ်နှစ်လက်ယူဆောင် ထွက်ပြေးလာသည့် ပျူစောထီးနှစ်ဦး အလင်းဝင်လာကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

ဆောင်းပါး

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်ကစ၍ စစ်​ကောင်စီ တစ်ဖွဲ့လုံး ​ရေ​ဘေးနှင့် ပတ်သက်၍ မည်သို့ ​ဆောင်ရွက်​နေ ​ကြောင်း စစ်​ကောင်စီမီဒီယာများနှင့် စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် ​​နေ့စဥ်အများအပြားဖော်ပြ​နေ​သော်လည်း People's Springက ​ရေ​ဘေးသင့် ​ဒေသများမှ ပြည်သူ ၂၀ ​ကျော်ကို ကျပန်းဆက်သွယ်​မေးမြန်းရာ စက်တင်ဘာ ၂၂ ရက်အထိ စစ်​ကောင်စီ​ပေး​သောအကူအညီ...

သတင်း

အာဏာသိမ်း​ခေါင်း​ဆောင်က စက်တင်ဘာလဆန်းမှာ တောင်ကြီးမြို့၌ ​တော်လှန်​ရေးတပ်​ဖွဲ့​တွေ အဓမ္မဝင်​ရောက်​နေထိုင်တဲ့မြို့ရွာ​​တွေ မှာစစ်တပ်ရဲ့တန်ပြန်ထိုးစစ်ကိုကာကွယ်နိုင်ဖို့ ပြည်သူ​တွေကိုလူသားတံတိုင်းအသုံးပြုဖို့ ပြန်လာ​နေဖို့ဆွဲ​ဆောင်တာ ၊ အတင်းအဓမ္မလူသစ်စု​ဆောင်းတာ​​တွေလုပ်​နေတယ်ဆိုပြီးစွပ်စွဲခဲ့ပါတယ် ။

Facebook