စစ်ကိုင်းတိုင်း၊ မြင်းမူနယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာအနီးနားရှိ ကန်တော်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ် ၆၀၀ကျော် ပျက်စီးပြီး ဒေသခံပြည်သူ လေးဦးကိုလည်း သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့(ဧပြီ ၂၉ ရက်)နံနက် ၂နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်၏ ၁၂ ဘီးကားတစ်စီး
သည် နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် အင်အား ၄၀ခန့်ဖြင့် ထီးဆောင်း-အရာတော် လမ်းမကြီးအတိုင်း ဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်လာချိန်တွင် ခွက်ခွင်း – ငါကင်း ကြားတွင် GTR MMU၊ Myin Mu Defence Force -MMDF ၊ ZERO မြင်းခြံပျောက်ကျားတပ်ဖွဲ့ ၊ မြင်းခြံခရိုင် တပ်ရင်း (၆) – တပ်ခွဲ (၁) ငါန်းဇွန် Heros ၊ မြင်းခြံခရိုင် တပ်ရင်း(၆) -တပ်ခွဲ (၂) ငါန်းဇွန် Five Stars အဖွဲ့ ၅ ဖွဲ့မှ မိုင်းဆွဲခြင်း၊ RPG ဖြင့်ထုခြင်း၊ လက်နက်များဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြင့် ၂နာရီခန့်ကြာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း GTR MMU အဖွဲ့က ပြောသည်။




တိုက်ပွဲ တွင်အင်အားမမျှ၍ အခြေချရာ စခန်းများကို စွန့်ခွာခဲ့ရကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ စခန်းကို စွန့်ခွာပြီးသည့်နောက်တွင် စစ်ကောင်စီတပ်က ကန်တော်ရွာကို လေးနေရာခွဲ၍ မီးရှို့ ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၆၀၀ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း GTR MMU အဖွဲ့က ပြောသည်။

ယခုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃၀ဦးသေဆုံးပြီး ၂၀ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့၅ ဖွဲ့ မှ တစ်ဦး(ကိုရခိုင် – Zero မြင်းခြံပျောက်ကျား (၂)တပ်ဖွဲ့ ဒုခေါင်းဆောင်) ကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု GTR MMU အဖွဲ့က အသိပေးသည်။

Public Service Announcement
ဒေသခံရွာခံပြည်သူ လေးဦး ကိုသတ်ဖြတ်သွားပြီး ပြည်သူ နှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း၊ ထို့နောက် မြင်းမူအင်အားစုများနှင့် အရာတော်အင်အားစုများ လာရောက်ပူးပေါင်း အားဖြည့်ခဲ့ကြောင်း GTR MMUအဖွဲ့က ပြောသည်။


















































