Connect with us

Hi, what are you looking for?

News

စစ်သားတစ်ဦးနှင့် ရဲတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာသူမှာ စကခ (၁၃)တပ်ရင်းမှ တပ်ကြပ်ကြီး/စာရေးအဆင့်ရှိ ကျော်ရဲထွဋ် ကိုယ်ပိုင်အမှတ်(တ/၄၈၄၄၃၂) ဖြစ်သည်ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(တပ်ကြပ်ကြီး ကျော်ရဲထွဋ် အား ​တွေ့ရစဥ်)

မကွေးနှင့် တနင်္သာရီတိုင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့် ရဲတပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ဝင်ရောက်လာကြောင်း သက်ဆိုင်ရာ ဒေသခံတပ်ဖွဲ့များက ယနေ့(ဧပြီ ၃၀ ရက်)တွင် ထုတ်ပြန်သည်။

မ​ကွေးတိုင်း ကျောက်ထုရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် ဧပြီ ၂၈ ရက် ညနေ ၃ နာရီခွဲခန့်တွင်(KTU-PDF) မှ ချိတ်ဆက်ပြီး CDM ဝင်ရောက်လာသဖြင့် လွတ် မြောက်နယ်မြေသို့ အထိအခိုက်မရှိ ပို့ဆောင်ပေးခဲ့ကာလက်နက်ပါမလာသည့်တိုင် ကျောက်ထု PDF မှကူညီကယ်ထုတ်ပေးခဲ့ကြောင်း ကျောက်ထုပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ က ဆိုသည်။

လက်နက်အပြည့်အစုံဖြင့် ထွက်ခွာလာပါက ဆုကြေးငွေ ကျပ်သိန်း ၈၀ကိုပါ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါ၍ ထွက်ခွာလိုသူများအနေနဲ့ ကျောက်ထု PDF ထံဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း အသိပေးသည်။

အလားတူ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံသို့ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီ တပ်သားတစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်လာသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ CDM ပြုလုပ်လာသူမှာ စကခ (၁၃)တပ်ရင်းမှ တပ်ကြပ်ကြီး/စာရေးအဆင့်ရှိ ကျော်ရဲထွဋ် ကိုယ်ပိုင်အမှတ်(တ/၄၈၄၄၃၂) ဖြစ်သည်ဟု ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ CDM ပြုလုပ်လာသည့် တပ်ကြပ်ကြီး ကျော်ရဲထွဋ်သည် စစ်သားအချင်ချင်း အထက်အောက် အနိုင် ကျင့်ခြင်းနှင့် အပြစ်မဲ့ ပြည်သူများကို မတရားဖမ်းဆီး သတ်ဖြတ်ခြင်းတို့ကို မနှစ်မြိုသဖြင့် ပြည်သူ့ရင်ခွင်ကို ခိုလှုံရခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။