Connect with us

Hi, what are you looking for?

News

ကျေးရွာတွေကနေ စုပေါင်းပြီးကျင်းပတဲ့ ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲ

ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို သက်ဆိုင်ရာအသီးသီးက ခေါင်းဆောင်တွေ၊ ဆရာတော်တွေ ကျေးရွာအသီးသီးက ခေါင်းဆောင်တွေနဲ့ ရွာသူရွာသားတွေ တက်ရောက်ခဲ့ကြတယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် နို့တကောမြို့နယ်ရှိ ကျေးရွာတွေကနေ စုပေါင်းပြီး ပထမဦးဆုံးအကြိမ်အဖြစ် ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ကိုယ်ဒူးကွဲကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စာပေနဲ့ယဉ်ကျေးမှုဟာ အထူးပဲလိုအပ်ပြီး လူမျိုးတစ်မျိုးဟာ စာပေစကားမရှိပါက တည်တံ့ခိုင်မြဲနေမှာမဟုတ်ဘူးလို့ ဒူးပလာယာခရိုင်အတွင်းရေးမှူးဖြစ်သူက အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ခေတ်အဆက်ဆက် မင်းလုပ်အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုအောက်မှာ နေခဲ့ရပေမယ့် ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုကြောင့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ယနေ့အချိန်ထိ ပြန်လည်ဖော်ထုတ်ပြီး ခိုင်မာအောင်တည်ဆောင်နိုင်ခဲ့တယ်လို့ ဒူးပလာယာခရိုင်အတွင်းရေးမှူးက အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဖြစ်မြောက်ရေးကော်မတီ စောထူးထူးအဲ့က ခေတ်အဆက်ဆက်အုပ်ချုပ်မင်းလုပ်သူတွေဟာ ကရင်လူမျိုးတို့ရဲ့ ဘာသာစကား စာပေတွေကို ဖျက်ဆီးဖို့ကြိုးစားခဲ့ပြီး ဒီအတွက် ကရင်လူမျိုးရဲ့ ဘာသာစကား စာပေ ယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဖို့ လိုအပ်ကာ ကရင်လူငယ်တွေအနေနဲ့ ဒါကိုသိရှိပြီးတော့ ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို သက်ဆိုင်ရာအသီးသီးက ခေါင်းဆောင်တွေ၊ ဆရာတော်တွေ ကျေးရွာအသီးသီးက ခေါင်းဆောင်တွေနဲ့ ရွာသူရွာသားတွေ တက်ရောက်ခဲ့ကြတယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။