Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျေးရွာတွေကနေ စုပေါင်းပြီးကျင်းပတဲ့ ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲ

ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို သက်ဆိုင်ရာအသီးသီးက ခေါင်းဆောင်တွေ၊ ဆရာတော်တွေ ကျေးရွာအသီးသီးက ခေါင်းဆောင်တွေနဲ့ ရွာသူရွာသားတွေ တက်ရောက်ခဲ့ကြတယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် နို့တကောမြို့နယ်ရှိ ကျေးရွာတွေကနေ စုပေါင်းပြီး ပထမဦးဆုံးအကြိမ်အဖြစ် ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲကို ကိုယ်ဒူးကွဲကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စာပေနဲ့ယဉ်ကျေးမှုဟာ အထူးပဲလိုအပ်ပြီး လူမျိုးတစ်မျိုးဟာ စာပေစကားမရှိပါက တည်တံ့ခိုင်မြဲနေမှာမဟုတ်ဘူးလို့ ဒူးပလာယာခရိုင်အတွင်းရေးမှူးဖြစ်သူက အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။

ခေတ်အဆက်ဆက် မင်းလုပ်အုပ်ချုပ်သူတွေရဲ့ ဖိနှိပ်မှုအောက်မှာ နေခဲ့ရပေမယ့် ခေါင်းဆောင်တွေရဲ့ဦးဆောင်မှုကြောင့် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို ယနေ့အချိန်ထိ ပြန်လည်ဖော်ထုတ်ပြီး ခိုင်မာအောင်တည်ဆောင်နိုင်ခဲ့တယ်လို့ ဒူးပလာယာခရိုင်အတွင်းရေးမှူးက အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဖြစ်မြောက်ရေးကော်မတီ စောထူးထူးအဲ့က ခေတ်အဆက်ဆက်အုပ်ချုပ်မင်းလုပ်သူတွေဟာ ကရင်လူမျိုးတို့ရဲ့ ဘာသာစကား စာပေတွေကို ဖျက်ဆီးဖို့ကြိုးစားခဲ့ပြီး ဒီအတွက် ကရင်လူမျိုးရဲ့ ဘာသာစကား စာပေ ယဉ်ကျေးမှုတွေကို ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဖို့ လိုအပ်ကာ ကရင်လူငယ်တွေအနေနဲ့ ဒါကိုသိရှိပြီးတော့ ထိန်းသိမ်းဖို့လိုအပ်တယ်လို့ ဆိုပါတယ်။

ကရင်စာပေနဲ့ယဉ်ကျေးမှု သင်တန်းဆင်းပွဲအခမ်းအနားကို သက်ဆိုင်ရာအသီးသီးက ခေါင်းဆောင်တွေ၊ ဆရာတော်တွေ ကျေးရွာအသီးသီးက ခေါင်းဆောင်တွေနဲ့ ရွာသူရွာသားတွေ တက်ရောက်ခဲ့ကြတယ်လို့ ဒူးပလာယာခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement