Connect with us

Hi, what are you looking for?

LuduNwayOo

News

“နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ကော့မှူးနှင့်သန်လျင်မြို့ရှိ စစ်ရေးပစ်မှတ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင်နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဧပြီ ၂၆ ရက် ည ၇နာရီခွဲခန့်ကလည်း “နန်းထိုက်အောင်”စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းရှိ ယာဥ်ထိန်းရဲရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က တိုက်ခိုက်ခဲ့သည်။

ရန်ကုန်တိုင်း၊ ကော့မှူးနှင့် သန်လျင်မြို့နယ်တို့တွင် “နန်းထိုက်အောင်စစ်ဆင်ရေး”အနေဖြင့် စစ်ရေးပစ်မှတ် နှစ်နေရာကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင်နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက အတည်ပြုသည်။

ယနေ့(မေ ၃ ရက်) ညနေ ၄ နာရီခန့်က ကော့မှူးမြို့နယ် မကျီးကန်-ကျိုက်ထော်လမ်းမပေါ်၊ ဌက်အော်စမ်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းမှုအတွက် ကင်းပတ်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

“စခ DC ကားလေးကို ထိတာ ။နောက်ခန်းမှာထိုင်နေတဲ့သူ နှစ်ယောက်ပစ်လဲနေ တာတွေ့တယ်။ပြီးတော့ ခေါင်းခန်းကနေလဲ တစ်ယောက် သွေးတွေထွက်နေလို့ ဆွဲထုတ်ရတယ်”ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ သန်လျင်မြို့နယ် ပြည်တော်သာလမ်းအနီးရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းဝန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညနေ ၅ နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိချက်မှန်ပြီး ရဲလိုင်းခန်းသို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရန်သူအချို့ ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်ကို အတည်မပြုနိုင်သေးပေ။

ဧပြီ ၂၆ ရက် ည ၇နာရီခွဲခန့်ကလည်း “နန်းထိုက်အောင်”စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းရှိ ယာဥ်ထိန်းရဲရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က တိုက်ခိုက်ခဲ့သည်။

ယာဥ်ထိန်ရဲရုံးအတွင်း လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ သေနတ်ဖြင့် ၁၀ချက်ခန့် ပစ်ခတ်ကာ နောက်ချန်မိုင်းတစ်လုံးပါ ထပ်မံဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ဧပြီ ၈ရက်ကစတင်ခဲ့သော “နန်းထိုက်အောင်” စစ်ဆင်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ထောက်တိုင်များကို ပစ်မှတ်ထား၍ မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ တွံ​တေး၊ သုံးခွ၊ ​ဒလနှင့် လှိုင်သာယာမြို့နယ်တို့တွင် ဆောင် ရွက်ထားသည်

ဆက်စပ်သတင်းများ

သတင်း

ချင်းညီနောင်အဖွဲ့များအနေဖြင့်စစ်ဆင်ရေးဖော်ဆောင်ရာ၌ CNF/CNA နှင့်အတူ ပူးပေါင်းပါဝင်စေချင်သည်ဟုလည်း ဆလိုင်းထက်နီက ပြောကြားသည်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။