Connect with us

Hi, what are you looking for?

News

“နန်းထိုက်အောင်စစ်ဆင်ရေး”အဖြစ် ကော့မှူးနှင့်သန်လျင်မြို့ရှိ စစ်ရေးပစ်မှတ်ကိုတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင်နှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဧပြီ ၂၆ ရက် ည ၇နာရီခွဲခန့်ကလည်း “နန်းထိုက်အောင်”စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းရှိ ယာဥ်ထိန်းရဲရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က တိုက်ခိုက်ခဲ့သည်။

ရန်ကုန်တိုင်း၊ ကော့မှူးနှင့် သန်လျင်မြို့နယ်တို့တွင် “နန်းထိုက်အောင်စစ်ဆင်ရေး”အနေဖြင့် စစ်ရေးပစ်မှတ် နှစ်နေရာကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင်နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိသည်ဟု ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက အတည်ပြုသည်။

ယနေ့(မေ ၃ ရက်) ညနေ ၄ နာရီခန့်က ကော့မှူးမြို့နယ် မကျီးကန်-ကျိုက်ထော်လမ်းမပေါ်၊ ဌက်အော်စမ်းကျေးရွာအနီးတွင် နယ်မြေရှင်းလင်းမှုအတွက် ကင်းပတ်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို တောင်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုဖြစ်စဥ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဆိုသည်။

“စခ DC ကားလေးကို ထိတာ ။နောက်ခန်းမှာထိုင်နေတဲ့သူ နှစ်ယောက်ပစ်လဲနေ တာတွေ့တယ်။ပြီးတော့ ခေါင်းခန်းကနေလဲ တစ်ယောက် သွေးတွေထွက်နေလို့ ဆွဲထုတ်ရတယ်”ဟု မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတူ သန်လျင်မြို့နယ် ပြည်တော်သာလမ်းအနီးရှိ ရဲလေ့ကျင့်ရေးသင်တန်းကျောင်းဝန်းကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညနေ ၅ နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိချက်မှန်ပြီး ရဲလိုင်းခန်းသို့ကျရောက်ပေါက်ကွဲခဲ့သည်ဟု အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ရန်သူအချို့ ဒဏ်ရာရရှိခဲ့ပြီး အသေအပျောက်ကို အတည်မပြုနိုင်သေးပေ။

ဧပြီ ၂၆ ရက် ည ၇နာရီခွဲခန့်ကလည်း “နန်းထိုက်အောင်”စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် ရွှေပြည်သာမြို့နယ်၊ ဧရာဝတီပတ်လမ်းရှိ ယာဥ်ထိန်းရဲရုံးအတွင်းရှိ စစ်ကောင်စီတပ်သားများကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ YUGA က တိုက်ခိုက်ခဲ့သည်။

ယာဥ်ထိန်ရဲရုံးအတွင်း လက်ပစ်ဗုံးနှစ်လုံးနှင့်အတူ သေနတ်ဖြင့် ၁၀ချက်ခန့် ပစ်ခတ်ကာ နောက်ချန်မိုင်းတစ်လုံးပါ ထပ်မံဖောက်ခွဲခဲ့သည်ဟု ဆိုသည်။

ဧပြီ ၈ရက်ကစတင်ခဲ့သော “နန်းထိုက်အောင်” စစ်ဆင်ရေးအရ အကြမ်းဖက်စစ်တပ်နှင့် ၎င်း၏ ထောက်တိုင်များကို ပစ်မှတ်ထား၍ မင်္ဂလာဒုံ၊ အင်းစိန် ၊ ကမာရွတ်၊လမ်းမတော်၊ တွံ​တေး၊ သုံးခွ၊ ​ဒလနှင့် လှိုင်သာယာမြို့နယ်တို့တွင် ဆောင် ရွက်ထားသည်

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ဝန်းသိုမြို့နယ်အခြေစိုက်တပ်ရင်းတွေကို အင်အားဖြည့်ပြီးကျေးရွာတွေကို စစ်ကြောင်းထိုဖို့ပြင်ဆင်​နေတဲ့အတွက် လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းကသတင်းထုတ်ပြန်ပါတယ်။

Facebook