Connect with us

Hi, what are you looking for?

News

ကနီနယ်က ဝင်မနားရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ဖျက်ဆီးနေ

အကြမ်းဖက်စစ်တ​ပ်သည် ဝင်မနားကျေးရွာကိုမီးရှို့ပြီးနောက် နယ်ချင်းဆက်နေသည့် ဘုတလင်မြို့နယ် ဘုရားကြီးကျေးရွာဘက်ကိုထွက်ခွာသွားကြောင်း ​ဒေသခံများက ပြောသည်။

(ဖေဖော်ဝါရီ တတိယအပတ်က ကနီမြို့နယ် အိုင်တောင်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြစဥ်။)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဝင်မနားကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဝင်မနားရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် ယနေ့ (မေလ ၄ ရက်) နံနက် ၆နာရီခွဲခန့်က စတင်ကာ ​​နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့၍ ပြ​ည်သူများထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

“ကျွန်တော်တို့လည်း အဝေးကနေ လှမ်းကြည့်နေရတော့ ဘယ်နှစ်အိမ် လောင်နေမှန်းတော့ အတိအကျမသိရသေးဘူး။ ဘယ်သူမှလည်း မကပ်ရဲကြဘူး။ မီးခိုးလုံးကြီး တက်နေတာပဲ မြင်နေတယ် “ဟု နယ်ခံတစ်ဦးက ချင်းတွင်းချစ်သူစာမျက်နှာကို ဖြေကြားထားသည်။

အကြမ်းဖက်စစ်တ​ပ်သည် ဝင်မနားကျေးရွာကိုမီးရှို့ပြီးနောက် နယ်ချင်းဆက်နေသည့် ဘုတလင်မြို့နယ် ဘုရားကြီးကျေးရွာဘက်ကိုထွက်ခွာသွားကြောင်း ​ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ် ဝင်မနားရွာတွင် နယ်မြေရဲစခန်းတစ်ခုရှိပြီး အဆိုပါရဲစခန်းရှိ ရဲများနှင့်အကြမ်းဖက်စစ်တပ်က ကျေးရွာအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

ကနီမြို့နယ်၊ဝင်မနားရဲစခန်းကို ဧပြီ ၃၀ ရက်က ကနီမြို့နယ်ပကဖ၊ မြစ်အ‌ရှေ့ဖက်ကမ်းအဖွဲ့က ဒုန်းယာဉ်နှစ်စီးအသုံးပြုပြီး တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ​လေးဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ် သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။