Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်အမြစ်ဖြတ်ရေး အတူတကွညီညွတ်စွာကြိုးစားနေကြောင်း PDFတည်ထောင်ခြင်း တစ်နှစ်ပြည့်တွင် BPLAသဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုး NUG ကာကွယ်ရေးဝန်ကြီးဌာနသည် တစ်နှစ်တာအတွင်း တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ရင်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို မြို့နယ်ပေါင်း ၂၅၀တွင် စနစ်တကျစုဖွဲ့နိုင်ခဲ့သည်။

အာဏာရှင်စနစ်အမြစ်ဖြတ်ရေး အတူတကွ ညီညွတ်စွာကြိုးစားနေကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တည်ထောင်ခြင်း တစ်နှစ်ပြည့်တွင် သဝဏ်လွှာပေးပို့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သည် ယနေ့တွင် တည်ထောင်ခြင်း တစ်နှစ်ပြည့်ခဲ့ပြီး BPLA သည် နွေဦးတော်လှန်ရေးကြီးပြီးဆုံးအောင်မြင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းလာချိန်အထိ PDF နှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အဆုံးအထိ တိုက်ပွဲဝင်သွား ဖြစ်ကြောင်း သဝဏ်လွှာပေးပို့သည်။

အမျိုးသားညီညွတ်ရေးအစိုး NUG ကာကွယ်ရေးဝန်ကြီးဌာနသည် တစ်နှစ်တာအတွင်း တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ရင်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို မြို့နယ်ပေါင်း ၂၅၀တွင် စနစ်တကျစုဖွဲ့နိုင်ခဲ့သည်။

ထို့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များ ၄၀၀ကျော်နှင့်လည်း ဟန်ချက်ညီစွာတိုက်ပွဲဖော်ဆောင်ရန် ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်သည်ကို လေးစားဂုဏ်ယူဖွယ် သိရှိရကြောင်း BPLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

BPLAသည်လည်း အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒတိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့ကို ဦးထိပ်ပန်ဆင်တိုက်ပွဲဝင်နေသည့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။