Connect with us

Hi, what are you looking for?

News

အာဏာရှင်စနစ်အမြစ်ဖြတ်ရေး အတူတကွညီညွတ်စွာကြိုးစားနေကြောင်း PDFတည်ထောင်ခြင်း တစ်နှစ်ပြည့်တွင် BPLAသဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုး NUG ကာကွယ်ရေးဝန်ကြီးဌာနသည် တစ်နှစ်တာအတွင်း တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ရင်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို မြို့နယ်ပေါင်း ၂၅၀တွင် စနစ်တကျစုဖွဲ့နိုင်ခဲ့သည်။

အာဏာရှင်စနစ်အမြစ်ဖြတ်ရေး အတူတကွ ညီညွတ်စွာကြိုးစားနေကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တည်ထောင်ခြင်း တစ်နှစ်ပြည့်တွင် သဝဏ်လွှာပေးပို့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သည် ယနေ့တွင် တည်ထောင်ခြင်း တစ်နှစ်ပြည့်ခဲ့ပြီး BPLA သည် နွေဦးတော်လှန်ရေးကြီးပြီးဆုံးအောင်မြင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးပေါ်ထွန်းလာချိန်အထိ PDF နှင့်အတူ လက်တွဲကာ စစ်အာဏာရှင်စနစ်ကို အဆုံးအထိ တိုက်ပွဲဝင်သွား ဖြစ်ကြောင်း သဝဏ်လွှာပေးပို့သည်။

အမျိုးသားညီညွတ်ရေးအစိုး NUG ကာကွယ်ရေးဝန်ကြီးဌာနသည် တစ်နှစ်တာအတွင်း တပ်ရင်းတပ်ဖွဲ့ပေါင်း ၂၅၇ရင်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို မြို့နယ်ပေါင်း ၂၅၀တွင် စနစ်တကျစုဖွဲ့နိုင်ခဲ့သည်။

ထို့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ၊ မြို့ပြပြောက်ကျားအဖွဲ့များ ၄၀၀ကျော်နှင့်လည်း ဟန်ချက်ညီစွာတိုက်ပွဲဖော်ဆောင်ရန် ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်သည်ကို လေးစားဂုဏ်ယူဖွယ် သိရှိရကြောင်း BPLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

BPLAသည်လည်း အာဏာရှင်စနစ်နှင့် လူမျိုးကြီးဝါဒတိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေးတို့ကို ဦးထိပ်ပန်ဆင်တိုက်ပွဲဝင်နေသည့် လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးပေါင်းစုံ ချစ်ကြည်ရေး၊လွတ်မြောက်ရေးအတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဟန်ချက်ညီညီချိတ်ဆက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူ၀ါလရှီးလအပါအ၀င် တော်လှန်ရေးခေါင်းဆောင်တွေ ဆွေးနွေးခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA)ရဲ့အတွင်းရေးမှူး ခွန်းရဲခေါင်က ပြောပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုတွေ ညီညွတ်ဖို့၊ စစ်ရေးအရဟန်ချက်ညီဖို့၊ ဗျူဟာမြောက်ပူးပေါင်းမှု ပိုမြှင့်တင်ဖို့ NUG တိုက်တွန်း

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ်ကွပ်ကဲမှုအောက်ရှိ အမှတ် (၉၇၁၁) တပ်ရင်းကို လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် က သတင်းထုတ်ပြန်ပါတယ်။