Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေးသွားသည့် ဝင်မနားရဲစခန်းကို PDFများဝင်ရောက်ရှင်းလင်း

ဝင်မနားရဲစခန်းကို မေလ၄ ရက်က MDF-PDF၊ KPDFနှင့် မဟာမိတ် PDFတပ်ရင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေးခဲ့ပြီးနောက် PDFများ ဝင်ရောက်ရှင်းလင်းနေသည့်မှတ်တမ်းကို Myanmar Defense Force(MDF) က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

“ဝင်မနားရဲစခန်း တစ်ယောက်ထွက်လာ တစ်ယောက်ပစ်။ရိက္ခာလာပို့ ပို့တဲ့သူပစ် ။နောက်ဆုံးတော့ဝင်မနားစခန်းမှခွေးများ စခန်းစွန့်ခွာထွက်ပြေးခဲ့ရ”ဟု MDF က ပြောသည်။

ဝင်မနားရဲစခန်းကို မေလ၄ ရက်က MDF-PDF၊ KPDFနှင့် မဟာမိတ် PDFတပ်ရင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

နယ်မြေရှင်းလင်းရေးကို MDF-PDF နှင့် KPDF မှလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်များ ထောင်ထားခဲ့သောမြေပြင်မိုင်းငါးလုံး ပေါက်ကွဲခဲ့သည်။ PDF များနယ်မြေရှင်းလင်းရေး မပြုလုပ်မီ စခန်းအတွင်းသို့ဝင်ရောက်ခဲ့သော ပြည်သူနှစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကျဆုံးအထိခိုက် တစုံတရာမရှိခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် အဆိုပါစခန်းကို MDF-PDF နှင့် KPDFမှ စစ်ကောင်စီတပ်များထပ်မံတပ်မစွဲနိုင်တော့အောင် ပြာပုံအဖြစ်သို့ပြောင်းလဲခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ