Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ၁၅ လအတွင်း​နေအိမ်​ပေါင်း ၁၁,၄၁၇ လုံးမီးရှို့ဖျက်ဆီးထား

ဧပြီလကုန်ပိုင်းနဲ့​မေလဆန်းမှာလည်း စစ်​ကောင်စီတပ်က အထူးသဖြင့် စစ်ကိုင်းတိုင်းက​ကျေးရွာ​တွေကို ဆက်လက်မီးရှို့ဖျက်ဆီး​နေပါတယ်။စစ်တပ်က လအလိုက် ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာကို အင်ဖိုဂရပ်မှာ​ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်​ကောင်စီတပ်က အာဏာသိမ်းပြီး​နောက်ပိုင်း ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရက်က​နေ ၂၀၂၂ ဧပြီ ၃၀ ရက်အထိ(၁၅ လ) ပြည်သူ​တွေ​ရဲ့​နေအိမ်​တွေကို မီးရှို့ဖျက်ဆီး​ခဲ့တာ ​နေအိမ်​ပေါင်း ၁၁၄၁၇လုံး ရှိ​နေပြီလို့ Data For Myanmar က​အချက်အလက်​တွေစုစည်း​ဖော်ပြပါတယ်။

အာဏာလုစစ်​ကောင်စီတပ်ကို ခုခံတွန်းလှန်မှုများတဲ့​ဒေသ​တွေ၊စစ်တပ်ကို အထိ့နာ​အောင်တိုက်ခိုက်တဲ့​ဒေသ​တွေ မှာ PDF​တွေကိုနိုင်​အောင်မတိုက်နိုင်​တော့ချိန်မှာအကြမ်းဖက်စစ်တပ်ကသူတို့ကာကွယ်​ပေးမယ်လို့အစဥ်တစိုက်​ကြွေး​ကြော်ခဲ့တဲ့ ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုကာကွယ်ရမယ့်အစား မီးရှို့ဖျက်ဆီးတာ၊ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်တာ လုယက်တာ​တွေပိုလုပ်လာကြတာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းပြည်သူ​တွေရဲ​နေအိမ်​တွေကို အကြမ်းဖက်စစ်တပ်က ဘယ်တုန်းကနဲ့မှမတူ​တဲ့ပမာဏအထိ့အကြမ်းဖက်မီးရှို့ဖျက်ဆီး​နေတဲ့ အချက်အလက်​တွေကို Data For Myanmar က စုစည်း​ပြီးမှတ်တမ်းတင်​ပေး​နေတာဖြစ်ပါတယ်။ ဒါ​တောင် အင်တာနက်နဲ့ဖုန်းလိုင်းဖြတ်​တောက်ထားလို့ဆက်သွယ်​ရေးခက်ခဲ့လို့ သတင်းအချက်အလက်မရ​သေးတဲ့​ဒေသက​ကျေးရွာ​တွေကျန်​နေ​သေးနိုင်ပြီး တစ်ကယ်မီးရှို့ခံရတဲ့စာရင်းက အခုထက်​တောင်ပိုများနိုင်ပါတယ်။

ဧပြီလကုန်ပိုင်းနဲ့​မေလဆန်းမှာလည်း စစ်​ကောင်စီတပ်က အထူးသဖြင့် စစ်ကိုင်းတိုင်းက​ကျေးရွာ​တွေကို ဆက်လက်မီးရှို့ဖျက်ဆီး​နေပါတယ်။စစ်တပ်က လအလိုက် ပြည်သူ​တွေရဲ့​နေအိမ်​တွေကိုဘယ်လိုဖျက်ဆီးခဲ့တယ်ဆိုတာကို အင်ဖိုဂရပ်မှာ​ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။