Connect with us

Hi, what are you looking for?

News

ဖရူဆိုမြို့နယ်တိုက်ပွဲစစ်​ကောင်စီတပ် ၂၅ဦး​သေ၊ ၂ ဦးအရှင်ဖမ်းမိ

တိုက်ပွဲအတွင်း အကြမ်းဖက်စစစ်​ကောင်စီ ဘက်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆီးရမိခဲ့​ကြောင်းလည်းထုတ်ပြန်ရာ စက်လက်တစ်လက် ၊RPG ၁လက် ၊ ပစ္စတိုတစ်လက်အပါအဝင် ​သေနတ် ၁၁ လက်၊ ဗုံးသီးများ၊ခဲယမ်းမျိုးစုံနှင့်စစ်ဘက်အသုံးအ​ဆောင်များသိမ်းဆည်းနိုင်ခဲ့သည်ကို ​တွေ့ရသည်။

(သိမ်းဆီးရမိသောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-KNDF-04)

●KNDF၊ KA ပူး​ပေါင်းတပ်ကစက်လက်၊ RPG ၊ပစ္စတိုအပါအဝင် လက်နက် ၁၁ လက်သိမ်းဆည်းရမိ

ဘောလခဲမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်​ကောင်စီတပ်၏ယာဉ်တန်းကို ​ယမန်​​နေ့ကဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာအရောက်တွင် KNDF တပ်ရင်းနှစ်ရင်းနှင့်KA တို့ကပူး​ပေါင်းတိုက်ခိုက်ပြီး စစ်ကူလာ​သောစစ်​ကောင်စီတပ်ကိုပါထပ်မံတိုက်ခိုက်ရာ အနည်းဆုံးစစ်သား ၂၅ ဦး​သေဆုံးပြီး ၂ ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့​ကြောင်းKNDF-04ကထုတ်ပြန်
သည်။

​မေလ ၇ ရက်နံနက် ၈ နာရီခွဲတွင် စစ်​ကောင်စီတပ်၏ စစ်ကား အစီး ၂၀ ​ကျော်ပါယာဥ်တန်းကို KNDFB-04၊ KNDF B-15 နှင့် KA တို့ကပူးပေါင်း၍ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်နာရီကြာမြင်ခဲ့သည်။တိုက်ပွဲအတွင်း စစ်ယာဉ်တန်းမှ ကားလေးစီး မီးရှို့ဖျက်စီးနိုင်ခဲ့ပြီး ၎င်းကားလေးစီးပေါ်ပါလာတဲ့ စစ်သား ၁၅ ဦးစလုံးသေဆုံးသွားသည်ကိုအတည်ပြုရခဲ့​ကြောင်း​ဖော်ပြထားသည်။

(သိမ်းဆီးရမိသောလက်နက်ခဲယမ်းအချို့ ။ ဓါတ်ပုံ-KNDF-04)

ထိုအပြင်​နေ့ခင်းပိုင်း ၁၁နာရီ ၁၀ မီနစ်ချိန်တွင် တိုက်ပွဲဖြစ်ပွားရာ‌နေရာသို့ စစ်ကူရန် အကြမ်းဖက်စစ်တပ်မှ ထပ်မံရောက်ရှိလာရာ ပူး​ပေါင်းတပ်နှင့်ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်​ကောင်စီတပ်သား ၁၀ ဦးထက်မနည်းသေဆုံးသည်ကို အတည်ပြုနိုင်ခဲ့ပြီး၂ ဦးကို အရှင်ဖမ်းမိခဲ့​ကြောင်းလည်းပါရှိသည်။စစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရရှိသူများနှင့် သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများကိုလည်း ရုပ်သံဖိုင်နှင့် သတင်းဓါတ်ပုံများတွင်​တွေ့ရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့တိုက်ပွဲအတွင်း ပူး​ပေါင်းတပ်ဖက်မှ KNDF-B04 မှ ရဲဘော်တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစစ်​ကောင်စီ ဘက်မှ လက်နက်ခဲယမ်းအချို့ သိမ်းဆီးရမိခဲ့​ကြောင်းလည်းထုတ်ပြန်ရာ စက်လက်တစ်လက် ၊RPG ၁လက် ၊ ပစ္စတိုတစ်လက်အပါအဝင် ​သေနတ် ၁၁ လက်၊ ဗုံးသီးများ၊ခဲယမ်းမျိုးစုံနှင့်စစ်ဘက်အသုံးအ​ဆောင်များသိမ်းဆည်းနိုင်ခဲ့သည်ကို ​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်