Connect with us

Hi, what are you looking for?

News

မြောင်မြို့နယ်အတွင်းတိုက်ပွဲလေးကြိမ်တွင်စစ်ကောင်စီတပ်မှ ၄၀ ဦးခန့်ထိခိုက်သေဆုံးနိုင်ဟု တလုတ်PDF​​ထုတ်ပြန်

ထိတွေ့တိုက်ပွဲ လေးကြိမ်တွင် မေ ၃ ရက်က တစ်ကြိမ်၊ မေ ၄ ရက်တွင် နှစ်ကြိမ်နှင့် မေ ၅ ရက်တွင် တစ်ကြိမ်ဖြစ်ပွားထားပြီး PDF – Taloke ၏ အခြေစိုက်စခန်းစွန့်လွှတ်ခဲ့ရသော် လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်ဒဏ် ရာရမှုမရှိခဲ့ကြောင်း တိုက်ခိုက်ရေးခေါင်း ဆောင်က ဆက်ပြောသည်။

(တလုပ်PDF တပ်ဖွဲ့ဝင်များ)

●တလုပ်PDF ၏အ​​ခြေစိုက်စခန်းစွန့်လွတ်ခဲ့ရ​သော်လည်း ရဲ​ဘော်များအားလုံး​ဘေးကင်းဟုတာဝန်ရှိသူ​ပြော

မြောင်မြို့နယ်အတွင်းဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲလေးကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ၄၀ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း မြိုင်အ ခြေစိုက် PDF – Taloke အဖွဲ့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မေ ၃ ရက်ကစပြီး မြောင်မြို့နယ်တောင်ပိုင်းမှ ကျေး ရွာများသို့ အင်အား ၁၃၀ ခန့်ဖြင့် စတင်စစ် ကြောင်းထိုးခဲ့ပြီး ယခုအခါ ထိုစစ်ကြောင်းမှာ အင်အား ၉၀ ခန့်သာရှိတော့ကြောင်း ဒေသသတင်းရင်းမြစ်များကိုကိုးကားပြီး PDF – Taloke မှ တိုက်ခိုက်ရေးခေါင်းက ပြောသည်။

“တိုက်ပွဲထဲမှာ အလောင်းရတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ခမ်းယဲမီးကျောက်တွေ သိမ်းဆည်းရမိတာတော့ရှိတယ်။ ပြီးတော့ ဒေသခံတွေဆီကရတဲ့ အချက်အလက်တွေအရတဖြည်းဖြည်းနဲ့ အဲဒီစစ်ကြောင်းမှာ အင်အား ၉၀ လောက်ပဲရှိတော့တယ်”လို့ ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ထိတွေ့တိုက်ပွဲ လေးကြိမ်တွင် မေ ၃ ရက်က တစ်ကြိမ်၊ မေ ၄ ရက်တွင် နှစ်ကြိမ်နှင့် မေ ၅ ရက်တွင် တစ်ကြိမ်ဖြစ်ပွားထားပြီး PDF – Taloke ၏ အခြေစိုက်စခန်းစွန့်လွှတ်ခဲ့ရသော် လည်း တော်လှန်ရေးရဲဘော်များ ထိခိုက်ဒဏ် ရာရမှုမရှိခဲ့ကြောင်း တိုက်ခိုက်ရေးခေါင်း ဆောင်က ဆက်ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်စစ်ကြောင်း မြောင်နယ်မှ ပြန်မဆုတ်မချင်း ဆက်တိုက်သွားမည်ဖြစ်၍ လက်နက်ခဲယမ်းများလိုအပ်လျက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook