Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး ဝါရှင်တန်ဒီစီမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေး

အဲဒီတွေ့ဆုံမှုမှာ မြန်မာစစ်ကောင်စီက လွဲရင် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်တာတွေ့ရပါတယ်။စစ်ကောင်စီကိုတော့ ဘုံသဘောတူညီချက် တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်တဲ့အတွက် အစည်းအဝေးမှာ ဖိတ်ကြားခြင်းမရှိပါဘူး။

Photo - Vivian Balakrishnan Facebook

အမေရိကန် ပြည်ထောင်စုဝါရှင်တန်ဒီစီမှာ မြန်မာ့အရေးအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ မေလ ၁၁ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

တွေ့ဆုံမှုမှာ အမေရိကန်နဲ့အာဆီယံကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ဖို့ ၊ မြန်မာ့အရေးအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအရေးတွေကို ထည့်သွင်း ဆွေးနွေးခဲ့ကြတယ်လို့စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဗီဗီယန်ဘာလာ ခရစ်ရှနန်က သူ့ရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးထားပါတယ်။

အဲဒီတွေ့ဆုံမှုမှာ မြန်မာစစ်ကောင်စီက လွဲရင် အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်တာတွေ့ရပါတယ်။စစ်ကောင်စီကိုတော့ ဘုံသဘောတူညီချက် တွေကိုအကောင်အထည်ဖော်ဖို့ပျက်ကွက်တဲ့အတွက် အစည်းအဝေးမှာ ဖိတ်ကြားခြင်းမရှိပါဘူး။

နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုဖိတ်တဲ့အတွက် စစ်ကောင်စီကလည်းမတက်ရောက်ဘူးလို့သိရပါတယ်။ ဒါပေမယ့် အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေး ကျင်းပမယ့် အချိန်မှာပဲ NUG အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် ပြည်ထောင်စုကိုရောက်ရှိနေတယ်လို့ RFA သတင်းဌာနက ဖော်ပြထားတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့မှာပဲ အမေရိကန်သမ္မတ ဘိုင်ဒန်နဲ့ အာဆီယံ နိုင်ငံတွေရဲ့အစိုးရအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိပါသေးတယ်။

အမေရိကန်အစိုးရရဲ့ အင်ဒို − ပစိဖိတ်ရေးရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး ကာ့ကမ့်ဘဲလ်က အာဆီယံ ဟာ မြန်မာ့အရေးမှာနက်နက်ရှိုင်းရှိုင်းပါဝင်ဆောင်ရွက်သင့်တယ်လို့ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ထည့်သွင်းပြောခဲ့ပါတယ်။

ဒီနေ့မှာ တွေ့ဆုံမယ့် အမေရိကန် − အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာ့အရေး ၊ အာဆီယံဒေသတွင်း သြဇာဖြန့်ကျက်လာတဲ့တရုတ်အရေးနဲ့ ယူကရိန်းအရေးတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇွန် ၁၂ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။