Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဝတ်စုံများဝတ်ဆင်ပြီး ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေဟု သတိပေး

အကြမ်းဖက်စစ်တပ်သည် မုံတိုင်ပင်ရွာကို မေလ ၁၀ ရက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာအိမ်ခြေအများအပြား ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ရေဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာတစ်ရွာ။)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ဝတ်စုံများဝတ်ဆင်ပြီး ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးနေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့က ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာသို့ရောက်ရှိစဥ် ပကဖနှင့် PDFယူနီဖောင်းအချို့ကို ရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ရေဦး(ပကဖ)အဖွဲ့က ပြောသည်။

ယနေ့(မေလ ၁၂ ရက်) နံနက်ပိုင်း၌ ထိုယူနီဖောင်းများကိုဝတ်ဆင်ကာ PDFအယောင်ဆောင်ပြီး အင်ပင်အုပ်စုရှိကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အထင်အမြင်မလွဲစေရန် တင်ပြခြင်းဖြစ်သ​ည်ဟု ရေဦး-ပကဖက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် မုံတိုင်ပင်ရွာကို မေလ ၁၀ ရက်က လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာအိမ်ခြေအများအပြား ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ရွာတွေထဲကို သူတို့မယား​တွေခေါ်လာပြီး လိုချင်တာ​တွေယူ မလိုချင်တာ​တွေ ဖျက်ဆီး​ပြီး
အိမ်​တွေကိုမီးရှို့​တာ”ဟု ရေဦးနယ်ခံတစ်ဦးက ပြောသည်။

မေလ ၇ရက်က ရေဦးမြို့နယ်၊ ဆီဆုံရွာမှ ဆင်ခြံရွာသို့ကူးလာသည့် အကြမ်းဖက်စစ်တပ်အား ဒေသခံတော်လှန်ရေးအဖွဲ့၊ ပကဖ နှင့် PDFတို့ပူးပေါင်းပြီး လက်လုပ်အဝေးပစ်များဖြင့် ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ