Connect with us

Hi, what are you looking for?

News

မတူပီမှပြန်လာသည့် စစ်ယာဉ်တန်း CDF တိုက်ခိုက်မှုကြောင့် မိုင် ၁၀၀ခန့်သာဝေးသည့်ခရီး ၁၆ရက်ကျော်ကြာအထိမရောက်သေး

မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။

(ချင်းပြည်နယ်တွင် ဖြတ်သန်းသွားလာ​နေ​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

▪️အမိန့်အရသွားနေရသည့် စစ်ကောင်စီတပ် သေဆုံးထိခိုက်များစွာဖြင့် သေမင်းတမံလမ်းကို ဖြတ်သန်းနေရဟုဆို

မတူပီမြို့သို့ အင်အားပို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းနှင့် မင်းတပ် ချင်းကာကွယ်ရေးတပ် (CDF)တို့ ယနေ့ညနေပိုင်း၌ တိုက်ပွဲ ပြင်းထန်နေကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

ဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် ရှေ့တန်းရောက်ရဲဘော်များနှင့် အဆက်အသွယ်ရရန် ခက်ခဲနေ၍ စစ်ကောင်စီတပ်မှ အကျအဆုံး အခြေအနေသိရန် ခက်ခဲနေသည်ဟု ဖော်ပြထားသည်။

ယနေ့တွင် မင်းတပ် – မတူပီ လမ်း မိုင်တိုင် (၁၄)၌ တိုက်ပွဲဖြစ်ပွားနေကြောင်း၊သို့ရာတွင် မင်းတပ် CDF ရဲဘော်များ၏ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီယာဉ်တန်း မင်းတပ်သို့ ယနေ့ ရောက်ရှိရန် မသေချာကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

မတူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ရက်မှ ယနေ့အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။

“မိုင် ၁၀၀ပဲ ဝေးတဲ့ခရီးကို နှစ်ပတ်လောက်သွားနေရတယ်ဆိုကတည်းက သူတို့ခရီးက အမိန့်အရသာ သွားနေရတယ် သူတို့အတွက်တော့ အထိအခိုက်အကျအဆုံးများစွာနဲ့ သေမင်တမံလမ်းလို သွားနေရတယ်”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ် CDFအနေဖြင့် အဆိုပါ စစ်ကောင်စီတပ်ယာဉ်တန်း မင်းတပ်သို့မရောက်မချင်း ဆက်လက်၍ ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဟု ၎င်းက ဆိုသည်။

“ဒီကနေ သူတို့ ကျောက်ထုကို ဆင်းသွားမှာ ကျောက်ထုကနေ ပုံတောင်ပုံညာအထိ ယော PDFတွေ YDFတွေက သူတို့ တက်နိုင်သလောက် သူတို့ရှိသမျှ စွမ်းအားနဲ့ သူတို့ တိုက်ခိုက်လိမ့်မယ်။ ပုံတောင်ပုံညာကျော်ပြီး ပခုက္ကူ – မုံရွာသွားတဲ့အချိန်မှာ အဲဒီဘက်က PDF တက်နိုင်သလောက် စစ်အာဏာရှင်ကိုအလိုမရှိဘူးဆိုတာ ရှိတဲအင်အားနဲ့လုပ်နိုင်သလောက် လုပ်ကြပါ”ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ထိုသို့ တိုက်ခိုက်ခြင်းဖြင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို အလိုမရှိကြောင်း သိသာစေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ယာဉ်တန်းကို မတူပီ CDFကလည်း ၎င်းတို့ မတူပီ ဧရိယာနယ်မြေအတွင်း၌ ခြုံခိုတိုက်ခိုက်မှုများ လုပ် ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။