Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်သို့လာ​​သောစစ်​ကောင်စီယာဥ်တန်း မိုင်းအလုံး ၁၀၀ ဖြင့်​တိုက်ခိုက် ၃၀ ခန့်​သေဟုမြိုင်PDF ​ပြော

လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း(​တောင် ၊​မြောက် ၊အ​နောက်)ဖြင့်ထိုးနေပြီး တောင်ပိုင်းအခြမ်းရှိ ကျေးရွာသုံးခုထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။

မကွေးတိုင်း၊မြိုင်မြို့နယ်၊ကိုင်းတောမရွာဘက်သို့ လာသော စစ်ကောင်စီယာဥ်တန်း ကို မိုင်းအလုံး ၁၀၀ ခန့် ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးပြီး အများအ ပြားထိခိုက်ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

ယနေ့(မေ ၁၂ ရက်)ညနေ ၅ နာရီခွဲခန့်က ယာဥ် အစီးရေ၇ စီး၌ အင်အား ၁၀၀ခန့်ပါရှိသော စစ်ကောင်စီယာဥ်တန်းကို မြိုင်မြို့နယ်၏ အနောက်တောင်ဘက်အခြမ်းရှိ တဲကြီးနှင့် နယ်သတ်ရွာအနီးတွင် အသင့်ပြင်ထားသည့် မိုင်းများဖြင့် အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ် cross က ရှင်းပြသည်။

“ပခုက္ကူ ကနေ တိုက်ရိုက်ဝင်ပြီး ထိုးလာတဲ့စစ်ကြောင်းဗျ။ဒီကောင်တွေ ရေအိုးစင်တွေ့လို့ ရေဝင်သောက်တဲ့အချိန်မှာခွဲလိုက်တဲ့ မိုင်းဆိုရင်တော်တော်ထိတယ်။ပြီးတော့လမ်းကြောင်းတစ်လျှောက်မှာလည်း ကျွန်တော်တို့ မိုင်းတွေ ထိခဲ့တယ်”ဟု ၎င်းက People’s Springသို့ ပြောသည်။

သေဆုံးထိခိုက်သည့် စစ်ကောင်စီတပ်သားများကို ဖောကားဖြင့်ပါ သယ်ယူခဲ့ပြီး မိုင်းဆွဲခံရသည့်နေရာများ၌ ကျန်ရစ်ခဲ့သော သွေးကွက်များကို စစ်တပ်ကဆေးကြောခဲ့သည်ဟု လည်းသိရသည်။ စစ်​ကောင်စီတပ်သေဆုံးမှုအ​ရေအတွက်နှင့် ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်​​သေးပါ။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုကိုဆောင်ရွက်ခဲ့သည့် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

လက်ရှိမြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်း(​တောင် ၊​မြောက် ၊အ​နောက်)ဖြင့်ထိုးနေပြီး တောင်ပိုင်းအခြမ်းရှိ ကျေးရွာသုံးခုထက်မနည်း မီးရှို့ခံထားရကာ အိမ်ခြေ ၁၀၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။

လက်ယက်မရွာ၊ သံဘိုရွာ၊ တောင်ကိုင်းရွာ၊ ဖျသီးရွာ၊ကျောက်တောရွာ၊ ပေါင်းတည်ရွာများမှထွက်ပြေးတိမ်းရှောင်နေရသူ ပြည်သူများထောင်ချီ ရှိနေကြောင်း ဒေသခံတို့က ပြောသည်။

မြောက်ပိုင်း၌ တောင်ကိုင်းကျေးရွာသို့ဝင်ရောက်စီးနင်းခံရပြီး လက်နက်ကြီးများလည်း ဘုန်းကြီးကျောင်းထဲသို့ ကျရောက်ခဲ့ကြောင်း၊ အနောက်ဘက်မြိုင်နယ်နှင့်ပေါက်နယ်ဘက်စပ်ကြားဖြစ်သော နယ်သတ်ရွာတွင်လည်း လက်နက်ကြီးငယ်ပစ်ခတ်မှုများခံနေရကြောင်း ဒေသခံများက ပြောသည်။

“နေရာအနှံ့တွင် ဝင်ရောက်စီးနင်းမှုများ ခံနေရပါတယ်။ အဖက်ဖက်ကနေ ကြားညှပ်ထိုးစစ်ဆင်လာသောကြောင့် အချိန်မရွေးတိုက်ပွဲများဖြစ်လာနိုင်သည့်အတွက် ရှောင်ရှားသတိပြုနေကြစေလိုပါတယ်။”ဟု မြိုင်-နွေဦးတော်လှန်ရေးစာမျက်နှာက သတိပေးသည်။

ထိုစစ်ကြောင်းကို မေ ၂ ရက်ကစ၍၅ရက်အထိ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦးခန့် သေဆုံးကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က မေ ၆ ရက် တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူခရိုင်ဒေသတွင်းက ရဲဘော်တွေဟာ မြိုင်မြို့နယ်အတွင်းရောက်နေတဲ့ စစ်တပ် စစ်ကြောင်းကို တားဆီးဖို့ မိုးထဲရေထဲမှာ ကြိုးစားနေတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြိုင်-ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။