Connect with us

Hi, what are you looking for?

News

ဒေါ်လာသန်း ၁၅၀ ထောက်ပံ့မယ်လို့ အာဆီယံခေါင်းဆောင်တွေကို သမ္မတဘိုင်ဒန်ကတိပြု

အမေရိကန် ရဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်မှာ ဒေသတွင်း စွမ်းအင်ကဏ္ဍ ၊ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ကိုဗစ်နောက်ဆက်တွဲကျန်းမာရေးကိစ္စ တွေမှာပါဝင်ပါတယ်။

ကိုးကား − ရိုက်တာ

တရုတ်ရဲ့သြဇာကြီးထွားမှုကိုတန်ပြန်နိုင်ဖို့အတွက် အာဆီယံဒေသတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၁၅၀ သုံးစွဲသွားမယ်လို့ အာဆီယံ ခေါင်းဆောင်တွေကို သမ္မတ ဘိုင်ဒန်က အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးမှာအသိပေးလိုက်ပါတယ်။

အမေရိကန် ရဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်မှာ ဒေသတွင်း စွမ်းအင်ကဏ္ဍ ၊ရေကြောင်းဆိုင်ရာလုံခြုံရေး၊ ကိုဗစ်နောက်ဆက်တွဲကျန်းမာရေးကိစ္စ တွေမှာပါဝင်ပါတယ်။

စွမ်းအင်ကဏ္ဍ မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်လျော့ကျရေးအတွက် ဒေါ်လာသန်း ၄၀ ၊ရေကြောင်း လုံခြုံရေးအတွက် ဒေါ်လာ ၆၀ သန်း နဲ့ ကိုဗစ် အတွက် ဒေါ်လာ ၁၅ သန်း အသီးသီး သုံးစွဲမယ်လို့သိထားရပါတယ်။

အာဆီယံ နိုင်ငံတွေရဲ့ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍ နဲ့ AI ဆိုင်ရာဥပဒေကဏ္ဍအတွက် လည်း အမေရိကန်က ထောက်ပံ့ဖို့စီစဉ်ထားပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်မှာ မနေ့က အာဆီယံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးတဲ့နောက် သမ္မတ ဘိုင်ဒန်က အာဆီယံ ကိုအကူအညီပေးမယ့် အမေရိကန်ရဲ့ ကတိကဝတ်ကို ထပ်လောင်းပြောဆိုခဲ့ပါတယ်။

ထိပ်သီးတွေ့ဆုံပွဲမှာ အာဆီယံ ဒေသ လုံခြုံရေး ၊ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်အရေး ကိစ္စရပ်တွေကို အလေးထားဆွေးနွေးခဲ့တယ်လို့ သမ္မတဘိုင်ဒန်က သူရဲ့ေ့ဖ့ဘွတ်ခ်က နေအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို