Connect with us

Hi, what are you looking for?

News

ပုလဲတွင်စစ်​ကောင်စီယာဥ်တန်းကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး ၅ ဦး​သေဟု ဗိုလ်နဂါး​ပြော

တိုက်ခိုက်မှုဖြစ်စဥ်များမှာ ယမန်နေ့ (မေ ၁၂ ရက်) နံနက် ၁၁ နာရီခွဲခန့်၌ လက်ပုကန်ကျေးရွာ အရှေ့ဘက်အနီးတွင် ပုလဲမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီလမ်းကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး​သေဆုံးခဲ့သည်ဟုပါရှိသည်။

စစ်ကိုင်းတိုင်း ၊ ပုလဲ မြို့နယ် တွင် စစ်ကောင်စီ စစ်ကြောင်းကို နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ အနည်းဆုံး ငါးဦးသေဆုံးကြောင်းမြန်မာ့တော် ဝင်နဂါးတပ်တော(M.R.D.A)က ယနေ့ (မေ ၁၃ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုဖြစ်စဥ်များမှာ ယမန်နေ့ (မေ ၁၂ ရက်) နံနက် ၁၁ နာရီခွဲခန့်၌ လက်ပုကန်ကျေးရွာ အရှေ့ဘက်အနီးတွင် ပုလဲမြို့မှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီလမ်းကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး​သေဆုံးခဲ့သည်ဟုပါရှိသည်။

ထို့စစ်ကြောင်းကိုပင် ပုလဲမြို့နယ်၊ အိုင်းမကုန်းကျေးရွာမြောက်ဘက်အနီးတွင် ညနေ ၃ နာရီခွဲခန့်၌ ထပ်မံမိုင်းဆွဲခဲ့ရာ စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ကားတစ်စီးမှာ တစ်ခြမ်းလုံးထိခိုက်ပျက်စီးခဲ့ကာ ဇီးဖြူကုန်းပျူစခန်းမှ စစ်ကူများထွက်၍ ဖောကားဖြင့် ချိတ်ဆွဲသွားခဲ့ရဟုလည်း ဖော်ပြသည်။

Public Service Announcement

“ဟိုတနေ့က ဇီးဖြူကုန်းစခန်းကို ဝင်တိုက်တော့ တော်တော်များများသေတယ်လို့သိရတယ်။အဲဒါကြောင့် အခုရက်ပိုင်း မုံရွာနမခ(အ​နောက်​​မြောက်တိုင်းစစ်ဌာနချုပ်) ကနေ တပ်ကူလာတဲ့ စစ်ကားတွေက ပုလဲထဲကိုရောက်လာတာ။ဒါကို MRDA အနေနဲ့ ကြိုတင်စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာ”ဟု MRDA ဦးဆောင်သူ ဗိုလ်နဂါးက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိတွေ့မှုနှစ်ကြိမ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A) မှ နဂါးစစ်သည်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းပါရှိသည်။

ယခုလ ၁၀ ရက်နေ့ကလည်း ပုလဲမြို့နယ်၊ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးစခန်းကို ဝင်ရောက်စီးနင်းရာ အနည်းဆုံး ၂၀ ဦးခန့်သေဆုံးကြောင်း MRDA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook