စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် အလ္လကပ္ပရွာမှထွက်လာသော စစ်ကားခြောက်စီးကို အဆင့်မြှင့်တင်ထားသည့် ရှေ့ထွက်မိုင်းနှစ်လုံး ဖြင့်တိုက် ခိုက်ရာ စစ်ကားနှစ်စီးပျက်စီးပြီး ၁၈ ဦးခန့် သေ ဆုံးကြောင်း Myaung ဗိုလ်တောက်ထွန်း (MBTT)special force army က ယနေ့(မေ ၁၅ ရက်)တွင် ထုတ်ပြန်သည်။
စစ်ကားနှစ်စီးကို ဘိုးမင်းကြီးကင်းနှင့်ဂွေးပင်တောကျေးရွာကြား၌ ယမန်နေ့ (မေ ၁၄)ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မျက်မြင်အတည်ပြုချက်အရ စစ်ကောင်စီတပ် သား ၁၈ ဦး သေဆုံးနိုင်ပြီး ၁၀ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိ ကြောင်း ဖော်ပြသည်။
“မနေ့က ဘိုးမင်းကြီးကင်းနှင့်ဂွေးပင်တောကျေး ရွာကြား ထဲမှာ mission နှစ်ခု ရှိခဲ့တယ်။တစ်ခုက စစ်ကိုင်းကနေမုံရွာကိုလာတဲ့ စစ်ကောင်စီယာဥ်တန်း။အခု ကျွန်တော်တို့ တိုက်နိုင်ခဲ့တာ မြင်းမူ မြို့ကထွက်လာတဲ့ ယာဥ်တန်း”ဟု MBTT တပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်မှုကို ဗိုလ်တောက်ထွန်းMBTT၊ 11 Brothers Revolution Forces
(Myaung) ၊မြောင်မြို့နယ်T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ဗိုလ်နေတိုးအထူးပြောက်ကြားအဖွဲ့၊ Burmese Guerrilla Force- BGF (Myingyan)နှင့် Saw Bwar Gyi MPDF တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေး သည်။
အလားတူ ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမှ မုံရွာသို့ ဆင်းလာသည့်၁၀စီးပါစစ်ကောင်စီယာဥ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားငါးစီးပျက်စီးပြီး စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးကြောင်း မြောင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ (CDSOM) တာဝန်ရှိသူက လူထုနွေဦးသို့ပြောထားသည်။


















































