Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီပြုလုပ်​သောငြိမ်းချမ်း​ရေး​ထောက်ခံပွဲသွားရန်လူစု​နေစဥ် ဗုံး​ပေါက်ကွဲ၊ ထိခိုက်ဒဏ်ရာရသူများရှိ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိ​သော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

(စစ်​ကောင်စီတပ်​​ပြုလုပ်​နေ​သောငြိမ်းချမ်း​ရေးထောက်ခံပွဲတက်ရန်လာသူများကို မိုင်းရှာကရိယာများဖြင့်ရှာ​ဖွေ​နေစဥ် ဓါတ်ပုံ-NG)

အကြမ်းဖက်စစ်ကောင်စီကပြုလုပ်​သောငြိမ်းချမ်း​ရေးလုပ်ငန်းစဥ်အားထောက်ခံပွဲသို့ သွား​ရောက်ရန်လူစုဆောင်းနေစဉ် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်သူအများအပြားရှိခဲ့သည်ဟု နေပြည်တော်ဒေခံများထံမှ သိရသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိ​သော အမျိုးသမီးရေးရာဌာန နှင့် စစ်မှုထမ်းဟောင်းရုံးတို့ကြားတွင် ယနေ့ (မေ ၁၆ ရက်) မနက် ၇နာရီခွဲခန့်က ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

အာဏာသိမ်းစစ်​ကောင်စီပြုလုပ်​သော ငြိမ်ချမ်း​ရေးလုပ်ငန်းစဥ်​ထောက်ခံခြင်းနှင့်ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ဆန့်ကျင်ရှုံ့ချပွဲကို ပြည်​ထောင်စုကြံ့​ခိုင်​ရေးနှင့်ဖွံ့ဖြိုးပါတီကဦး​ဆောင်၍ ယ​နေနံနက်မှာ နေပြည်တော်ရှိ ဥပ္ပါသန္တိ ဘုရားပွဲကွင်းတွင်ပြုလုပ်ခဲ့​ကြောင်းစစ်​ကောင်စီဝါဒဖြန့်မီဒီယာအချို့က​ဖော်ပြထားသည်။ထိုပွဲသို့သွားရောက်ရန် ပြည်ခိုင်ဖြိုးပါတီနှင့် စစ်သားဟောင်းများ လူစုဆောင်းနေစဉ် ကားအတွင်း ဗုံးကျပေါက်ကွဲခြင်းဖြစ်​ကြောင်း သိရသည်။

“ကြံခိုင်ရေးပါတီနဲ့ စစ်ထွက်တွေ အများကြီးပဲ ရောက်နေတဲ့ အချိန်မှာ ပေါက်ကွဲတာ အသံအကျယ်အကြီးဘဲ ကြားလိုက်ရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ထိုပေါက်ကွဲမူကြောင့်အနည်းဆုံး ကားနှစ်စီး ထိခိုက် ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအများအပြားရှိကာ နီးစပ်ရာကုတင် ၁၀၀ ဆေးရုံကို ပို့ဆောင်နေသည်ကိုမြင်​တွေ့ရ​ကြောင်ဒေသခံများကပြောသည်။

ထိုပေါက်ကွဲမူအပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ကားများဖြင့် လမ်းများကို ပိတ်ဆို့ပြီး ရှာဖွေနေကြောင်းလည်း ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook