Connect with us

Hi, what are you looking for?

News

ဒဏ်ရာရစစ်သားများကို ပုခက်ဖြင့်ထမ်း၍​ခြေကျင်လာ​သောစစ်​ကြောင်း ထပ်မံမိုင်းခွဲဆွဲခံရပြီး​သေဆုံးထိခိုက်မှုများ

တိုက်ခိုက်ခံရသော စစ်ကြောင်းသည် မေလ ၁၄ ရက်နေ့က ချောင်းဦးမြို့နယ်၊ ဆီပန်းကန်ရွာသို့ ဝင်ရောက်မီးရှို့ရာ ဒေသခံကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကိုခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ဒဏ်ရာရသူများအား ပုခက်ဖြင့်ထမ်းသယ်လာရသည့် စစ်​ကောင်စီတပ်၏ခြေလျင်စစ်ကြောင်အားမိုင်းဆွဲတိုက်ခိုက်ခဲ့ရာသေဆုံထိခိုက်မှုများရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

မေလ ၁၅ ရက်နေ့က ချောင်းဦးမြို့နယ်ရှိ ပျူစောထီးကြီးစိုးရာရွာဖြစ်သော ကံဇီးရွာမှ ချောင်းဦးမြို့သို့ တောလမ်းအတိုင်း ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နေရာ ၃ နေရာမှ စောင့်ကြိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ချောင်းဦးမြို့ပေါ်မှ နာရေးကူညီမှုယာဥ်၊ အိမ်စီးကားများပါ ခေါ်ယူ၍ သေဆုံးထိခိုက်သူများအား သယ်ဆောင်သွားကြောင်း၊ သေဆုံးထိခိုက်သူအရေအတွက် မသိရသေးဟု ချောင်းဦးPDFအဖွဲ့က ပြောသည်။

“ချောင်းဦးမြို့နယ်ထဲ ပတ်ထိုးနေတဲ့စစ်ကြောင်းပါ။ အဲဒီစစ်ကြောင်းက ၁၅ ရက်မနက်စောစော ကံကြီးကုန်းပျူစောထီးရွာကနေ ‌ကံဇီးပျူစောထီးရွာကိုရောက်ပါတယ်။ ကံဇီးကနေချောင်းဦးကိုဆက်ထွက်တာပါ။ မိုင်းကြောက်တော့လမ်းကမသွားဘဲ လယ်ကွက်တွေထဲကနေ တောလမ်းအတိုင်းခြေလျင်သွားတာပါ။ ဒဏ်ရာရထားလို့ စောင်ပုခက်နဲ့သယ်လာရတဲ့ အထမ်းသမားတွေလည်း ပါတယ်။ အဲဒီစစ်ကြောင်းကို ၃ နေရာကနေ မိုင်းဆွဲတိုက်တာပါ။”ဟု ချောင်းဦး PDF တာဝန်ရှိသူက ​ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသော စစ်ကြောင်းသည် မေလ ၁၄ ရက်နေ့က ချောင်းဦးမြို့နယ်၊ ဆီပန်းကန်ရွာသို့ ဝင်ရောက်မီးရှို့ရာ ဒေသခံကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကိုခံရပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

အဆိုပါဖြစ်စဥ်အား ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHUPDF တပ်ခွဲ-၃နှင့် တပ်ခွဲ-၄(မိုင်းတပ်ခွဲ)မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မေလ ၁၃ ရက် နံနက် ၅နာရီအချိန်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာမှ ပျူစောထီးများနှင့်ကံကြီးကုန်းရွာသို့အင်အားဖြည့်ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်သည် ချောင်းဦး မြို့နယ် ရွှေလှေရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။