Connect with us

Hi, what are you looking for?

News

ကနီတွင်စစ်​ကောင်စီတပ်ကို ​​တော်လှန်​ရေးပြောက်ကျားအဖွဲ့ကတိုက်ခိုက်ရာ ၁၀ ဦးထက်မနည်း​သေဟု​တာဝန်ရှိပြော

လှည်းသုံးစီး၊ကားနှစ်စီးဖြင့်လာသည့်အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၈၀ ခန့်ပါစစ်ကြောင်းအား DRPA နှင့် KGF ပြောက်ကျားရဲဘော် ၁၀ ဦးကျော်ဖြင့် ဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု DRPA တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

KGF တပ်ဖွဲ့ဝင်အချို့

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ၈၀ခန့်ပါသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ရိက္ခါပို့ယာဥ်များအား ဒေသတွင်း​တော်လှန်​ရေးအဖွဲ့များမှ​ပြောက်ကျားဆယ်ဦးကျော်ဖြင့် တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း DRPA နှင့် KGFတို့က ထုတ်ပြန်သည်။

ယနေ့နံနက်၉ နာရီခန့်တွင် အင်အား၈၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ကနီမြို့မှ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူစောထီးများအထိုင်ချထားသော အလယ်ကျွန်း ကျေးရွာသို့ ရိက္ခာအပို့အသွားတွင် လမ်းခုလတ်မှစောင့်ကြိုပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ခိက်တွင်​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်း သေဆုံးကြောင်း DRPA တာဝန်ရှိသူက ပြောသည်။

DRPA တပ်ဖွဲ့ဝင်များစစ်သင်တန်းဆင်းစဥ်

လှည်းသုံးစီး၊ကားနှစ်စီးဖြင့်လာသည့်အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၈၀ ခန့်ပါစစ်ကြောင်းအား DRPA နှင့် KGF ပြောက်ကျားရဲဘော် ၁၀ ဦးကျော်ဖြင့် ဖြတ်တိုက်ခဲ့ခြင်းဖြစ်သည်ဟု DRPA တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီကောင်တွေ အငိုက်မိသွားတော့ သူတို့ ဆယ်ယောက်လောက်တော့ကျမယ်။ သတင်းရလို့ စောင့်ပြီးတိုက်တာပါ။ နှစ်ဖက်ပစ်ခတ်ခဲ့ပါတယ်။ ကြာချိန် မိနစ်၂ဝလောက်မှာ ကျနော်တို့ ဆုတ်ပစ်ပစ်ရင်း မိုင်း၉လုံးထောင်ခဲ့ပါတယ်။ သူတို့က ရှေ့တက်လာတဲ့အခါ အချိန်ကိုက်ခွဲခဲ့ပြီး ကျဆုံး ဆယ်ဦးထက်မနည်းနဲ့ ဒဏ်ရာရသူ မသိရှိရသေးပါဘူး။ ရိက္ခာ တင်လှည်းသုံးစီးပါတယ်။ ရိက္ခာလှည်းနှစ်စီးတော့လက်နက်ကြီးထိပြီး ကျွမ်းပစ်သွားတယ်” DRPA တာဝန်ရှိသူက ပြောသည်။

Public Service Announcement

People’s Spring အ​နေဖြင့် ​စစ်​ကောင်စီတပ်သေဆုံးထိ့ခိုက်မှုများကိုသီးခြားအတည်မပြုနိုင်ပါ။

အင်အားချင်းမမျှသော်လည်း ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း Kani Guerilla Force အဖွဲ့က ပြောသည်။

ယနေ့ဖြစ်စဥ်အား DRPA၊ KGF တို့နှင့်အတူ နယ်မြေခံပကဖအဖွဲ့အချို့လည်း ပါဝင်ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်ဟု သိရသည်။

မေလ(၁၅)ရက်နေ့ နေ့လယ်ပိုင်းကလည်း ကနီမြို့နယ်၊ မှန်ထောင်ဘုရားကုန်းတွင် ဒေသခံPDF စခန်းတခုကိုမီးရှို့နေသော စကစ အဖွဲ့ဝင်များအား မဟာမိတ်တပ်ပေါင်းစုများ နာရီဝက်ခန့် လက်နက်ကြီးလက်နက်ငယ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စကစ အဖွဲ့ဝင်များ အကျအဆုံးများဖြင့် ထွက်ပြေးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မုံရွာမြို့ နဲ့ မိုင် ၃၀ ခန့်အကွာမှာရှိတဲ့ကနီမြို့နယ်ထဲကယာကြီးရွာရှိ စက်သုံးဆီဆိုင်ကိုမနေ့ (သြဂုတ်လ ၁ ရက်)နေ့ခင်းပိုင်းမှာလေကြောင်းတိုက် ခိုက်တာကြောင့် အရပ်သားအမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ နယ်ခံအချို့ဆီကသိရပါတ​ယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။