Connect with us

Hi, what are you looking for?

News

ဖယ်ခုံရှိ ကျေးရွာ သုံးရွာ၌ တစ်နေ့လုံး တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီတပ်မှ သေဆုံးမှုများ၊ PDF ရဲဘော်တစ်ဦးကျဆုံး

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လွယ်ပေါရွာ၊ နန့်ပေါ်လုံရွာနှင့် နန်းဆွန့်ရွာတို့တွင် ယနေ့မနက် ပိုင်းမှစ၍ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)က သတင်းထုတ်ပြန်သည်။

မေလ ၂၀ ရက် နံနက် ၈နာရီမှစ၍ တိုက်ပွဲစတင်ခဲ့ရာ ဖယ်ခုံ PDF တပ်ရင်း(၂)မှ ရဲဘော် တစ်ဦးကျဆုံးပြီး အခြား တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှလည်း ကျဆုံးမှုများပြီး အရေအတွက် အတည်ပြုရန်ခက်ခဲကြောင်း ဖော်ပြထားသည်။

Public Service Announcement

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ကို ဖယ်ခုံ PDF၊ အလယ်ပိုင်းတိုင်းတိုက်ခိုက်ရေးအဖွဲ့၊မိုးဗြဲPDF ကျွဲဂျိုတပ်ခွဲ၊ (၁၀၀၅)တပ်ရင်းတို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ညနေ ၆နာရီခွဲမှစ၍ စစ်ကောင်စီတပ်များက ကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံနှင့် ညောင်ရွှေနယ်စပ်တွင် မေလ ၁၅ရက်မှစ၍ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်လုံးထိခိုက်ကျဆုံးမှုရှိခဲ့သည်။ မေလ ၁၂ရက်က ညောင်ရွှေထီရိရွာ စစ်ကောင် စီတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုများလည်း ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။