Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တ​လေးလမ်းတွင်စစ်တပ်က အိမ်စီးကားတစ်စီးကိုပစ်ခတ်၍ ​ဆေး​ကျောင်းသားတစ်ဦးဦး​ခေါင်းထိ့မှန်​သေဆုံး

“ကားက အရှိန်ပါလာတဲ့အတွက် ရုတ်တရက် မရပ်နိုင်ခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုကျော်ညီဇင်ရဲ့ဦးခေါင်းကိုထိမှန်ခဲ့ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

(စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ဆေးနေသည့် အကြမ်းဖက်အုပ်စုဝင်များအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းတွင်စစ်ကောင်စီတပ်က မင်္ဂလာဆောင်သွားသည့် အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ လူငယ်ဆေးကျောင်းသားတစ်ဦး ဦးခေါင်းထိမှန်သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့ (မေလ ၂၀ ရက်နေ့)နံနက် ၈ နာရီခန့်က မန္တလေး-မုံရွာကားလမ်းမပေါ်တွင်မုံရွာမြို့နယ်၊ ကြေးမုံရွာသို့ မင်္ဂလာဆောင်သွားသည့် မိသားစု ​လေးဦးပါ အိမ်စီးကားတစ်စီးအား မြင်းမူမြို့အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ရုတ်တရက်ထွက်လာပြီး ရပ်တန့်ခိုင်းကြောင်း၊ ကားမှာ ချက်ချင်းရပ်တန့်ရန်အဆင်မပြေ၍ အရှိန်ကြောင့်သွားနေစဥ်အကြောင်းမဲ့လိုက်လံပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

“ကားက အရှိန်ပါလာတဲ့အတွက် ရုတ်တရက် မရပ်နိုင်ခင်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ကြပါတယ်။ ကားပေါ်မှာ လိုက်ပါလာတဲ့ ဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်သူ ကိုကျော်ညီဇင်ရဲ့ဦးခေါင်းကိုထိမှန်ခဲ့ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ပြောသည်။

ကျည်ဆန်ထိမှန်သူမှာ ဆေးတက္ကသိုလ်-မန္တလေး၊၁၂/၂၀၁၇ Batch မှ ကျောင်းသား မောင်ကျော်ညီဇင်ဖြစ်ပြီး ဦးနှောက်ကျည်ထိမှန်ကာ သေဆုံးခဲ့သည်။မောင်ကျော်ညီဇင်သည် ဓမ္မဘက်သို့ ပြတ်ပြတ်သားသားရပ်တည်ကာ စစ်ကျွန်ပညာရေးကိုသပိတ်မှောက်ခဲ့သူဖြစ်ကြောင်း ဆေးတက္ကသိုလ်-မန္တလေး(ကြားကာလ ယာယီကောင်စီ)၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရေးသားထားသည်။

Public Service Announcement

Public Service Announcement

“ချောင်းဦးနဲ့မုံရွာကြားလို့လည်း ပြောတယ်။ စခတွေကဝီစီမှုတ်ပြီးတားတာအရှိန်လဲပါနေတာမို့ချက်ချင်းရပ်လို့မရသေးဘဲလမ်းဘေးကိုချပြီးရပ်တဲ့အချိန်မှာပစ်လိုက်တာပါ။ ကားမှန်ကနေဖောက်ဝင်ပြီးနောက်ခန်းမှာထိုင်နေတဲ့မိသားစုလေးယောက်ထဲကဒီကလေးခေါင်းကိုမှန်သွားတာပါ မုံရွာဆေးရုံကြီးမှာမနက် ၁၁ခွဲ ဆုံးသွားတာပါ။ ခုမှဆေးကျောင်းတတိယနှစ်တက်ရမယ့်ကလေးပါ။”ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

မုံရွာ-မန္တလေးလမ်းမကြီးတွင် မြို့နှင့်အနီးတဝိုက်နေရာများ၌ ခရီးသွားယာဥ်များအား အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆေးလေ့ရှိပြီး ရမ်းသမ်း ပစ်ခတ်မှုများလည်းမကြာခဏပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

Facebook