Connect with us

Hi, what are you looking for?

News

နတ်တလင်းမြို့နယ်တိုက်ပွဲနှစ်ကြိမ်တွင် စစ်​ကောင်စီတပ်သား ၁၂ဦး​သေဟုဆို

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် တိုက်ပွဲနှစ်ကြိမ်ဖြစ်ရာ စစ်ကောင်စီတပ်သား ၁၂ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ နတ်တလင်း (MRF-Nattalin)က ယနေ့(မေ ၂၁ ရက်)တွင် ထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တောင်ညိုမြို့သစ် ကွေ့ကြီးကျေးရွာနှင့် ညောင်လေးပင်ကျေးရွာကြားတွင် ယခုလ ၁၃ရက် နံနက် ၈နာရီတွင် ကနဦး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ယမန်နေ့(မေ ၂၀ ရက်) ညနေ ၃နာရီခွဲခန့်က ညောင်လေးပင်နှင့် ကွေ့ကြီးရွာကြားတွင် အင်အား ၁၃ ဦးပါ စစ်ကောင်စီအဖွဲ့ကို ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ဖော်ပြ သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးအသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် ၎င်း၏ထောက်တိုင်များကို ဆက် လက်တိုက်ခိုက်သွားမည်ဟုလည်း MRF- Nattalinက ကြေညာသည်။

နတ်တလင်းမြို့နယ်အရှေ့ဘက် ပဲခူးရိုးမအတွင်း၌ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နေ့စဉ်နီးပါးဆိုသလို တိုက်ပွဲများဖြစ်ပွားနေကာ စစ်အုပ်စုမှာ သေဆုံးသူများပြားနေကာ အထိနာနေ၍ အနီးအနားရှိ ပြည်သူများအား PDFများကို လက်ခံကူညီထောက်ပံ့နေသည်ဟု စွပ်စွဲကာ ကျေးရွာ ၉ရွာကို မောင်းထုတ်ခြင်း နှင့် နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းတို့ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။