Connect with us

Hi, what are you looking for?

News

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန်နှင့်တောင်ကိုရီးယားသမ္မတနှစ်ဦး ပြတ်သားစွာရှုတ်ချ

ခေါင်းဆောင်နှစ်ဦးသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ဘုံစိုးရိမ်ပူပန်မှုများကို မျှဝေခဲ့ပြီး ကမ္ဘာတဝန်းလူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့် တင်ဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။

▪️မြန်မာနိုင်ငံသားများကို လုံခြုံသောခိုလှုံရာပေးရန် နိုင်ငံတကာခေါင်းဆောင်များကို တိုက်တွန်း

အမေရိကန်နှင့် တောင်ကိုရီးယားသမ္မတနှစ်ဦးစလုံးသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာရှုတ်ချပြီး မြန်မာနိုင်ငံသားများကို လုံခြုံသောခိုလှုံရာပေးရန် နိုင်ငံတကာခေါင်းဆောင်များကို တောင်းဆိုတိုက်တွန်းသည်။

အမေရိကန်သမ္မတဘိုင်ဒန်၏ ပထမဆုံးအာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ယမန်နေ့တွင် ရောက်ရှိစဉ် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံအပြီး ပူးတွဲကြေညာချက်၌ မြန်မာစစ်တပ်က အရပ်သားပြည်သူများအပေါ် လူမဆန်စွာတိုက်ခိုက်သတ်ဖြတ်မှုများကို ပြတ်သားစွာရှုတ်ချကြောင်း ဖော်ပြ သည်။

ခေါင်းဆောင်နှစ်ဦးသည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထိန်း သိမ်းခံရသူအားလုံးပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီများ နိုင်ငံတဝန်းအဟန့်အတားမရှိ ရရှိရေးနှင့် ဒီမိုကရေစီအမြန်ဆုံးပြန်လည်ရရှိရေးတို့အတွက် ဖိအားပေးလုပ်ဆောင် ရန် ကတိပြုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေးအတွက် နိုင်ငံတကာခေါင်းဆောင်များကို တိုက်တွန်းတောင်းဆိုထားသည်။

ခေါင်းဆောင်နှစ်ဦးသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ဘုံစိုးရိမ်ပူပန်မှုများကို မျှဝေခဲ့ပြီး ကမ္ဘာတဝန်းလူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့် တင်ဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။