Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့စစ်အာဏာသိမ်းမှုကို ကန်နှင့်တောင်ကိုရီးယားသမ္မတနှစ်ဦး ပြတ်သားစွာရှုတ်ချ

ခေါင်းဆောင်နှစ်ဦးသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ဘုံစိုးရိမ်ပူပန်မှုများကို မျှဝေခဲ့ပြီး ကမ္ဘာတဝန်းလူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့် တင်ဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။

▪️မြန်မာနိုင်ငံသားများကို လုံခြုံသောခိုလှုံရာပေးရန် နိုင်ငံတကာခေါင်းဆောင်များကို တိုက်တွန်း

အမေရိကန်နှင့် တောင်ကိုရီးယားသမ္မတနှစ်ဦးစလုံးသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြတ်သားစွာရှုတ်ချပြီး မြန်မာနိုင်ငံသားများကို လုံခြုံသောခိုလှုံရာပေးရန် နိုင်ငံတကာခေါင်းဆောင်များကို တောင်းဆိုတိုက်တွန်းသည်။

အမေရိကန်သမ္မတဘိုင်ဒန်၏ ပထမဆုံးအာရှခရီးစဉ်အဖြစ် တောင်ကိုရီးယားသို့ ယမန်နေ့တွင် ရောက်ရှိစဉ် ခေါင်းဆောင်နှစ်ဦးတွေ့ဆုံအပြီး ပူးတွဲကြေညာချက်၌ မြန်မာစစ်တပ်က အရပ်သားပြည်သူများအပေါ် လူမဆန်စွာတိုက်ခိုက်သတ်ဖြတ်မှုများကို ပြတ်သားစွာရှုတ်ချကြောင်း ဖော်ပြ သည်။

ခေါင်းဆောင်နှစ်ဦးသည် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး၊ ဖမ်းဆီးထိန်း သိမ်းခံရသူအားလုံးပြန်လွှတ်ပေးရေး၊ လူသားချင်းစာနာမှုအကူအညီများ နိုင်ငံတဝန်းအဟန့်အတားမရှိ ရရှိရေးနှင့် ဒီမိုကရေစီအမြန်ဆုံးပြန်လည်ရရှိရေးတို့အတွက် ဖိအားပေးလုပ်ဆောင် ရန် ကတိပြုခဲ့ကြသည်။

ထို့အပြင် မြန်မာစစ်တပ်ကို လက်နက်မရောင်းချရေးအတွက် နိုင်ငံတကာခေါင်းဆောင်များကို တိုက်တွန်းတောင်းဆိုထားသည်။

Public Service Announcement

Public Service Announcement

ခေါင်းဆောင်နှစ်ဦးသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း လူ့အခွင့်အရေးအခြေအနေများနှင့် ပတ်သက်၍ ဘုံစိုးရိမ်ပူပန်မှုများကို မျှဝေခဲ့ပြီး ကမ္ဘာတဝန်းလူ့အခွင့် အရေးနှင့် တရားဥပဒေစိုးမိုးရေး မြှင့် တင်ဆောင်ရွက်မည်ဟု ကတိပြုခဲ့ကြသည်။