Connect with us

Hi, what are you looking for?

News

သမ္မတဂျိုးဘိုင်ဒန် မြန်မာ့အရေးကူညီဆောင်ရွက်ပေးရန် ဂျပန်​ရောက်မြန်မာများ တောင်းဆိုဆန္ဒပြ

သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မတိုင်မီ တိုကျိုမြို့ အမေရိကန် သံရုံးအနီးတဝိုက်၌ ဂျပန်ရောက် ဒီမိုကရေစီအရေးလိုလားသူ မြန်မာများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဓာတ်ပုံ - ရောင်စုံနွေဦး

ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အ​နေဖြင့် မြန်မာ့အရေးကူညီဆောင် ရွက်ပေးရန် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ယမန်နေ့ (မေလ ၂၂) တောင်းဆို ဆန္ဒပြခဲ့ကြသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် အင်ဒို-ပစိဖိတ်သမုဒ္ဒရာအတွင်း စစ်ရေးပူးပေါင်းရေး ၊ တရုတ်လွှမ်းမိုးမှု့ ကန့်သတ်ရေးကိစ္စများ ဆွေးနွေးရန်အတွက် မေလ ၂၂ ရက်က ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဂျိုးဘိုင်ဒန် ရောက်ရှိလာချိန်မတိုင်မီ တိုကျိုမြို့ အမေရိကန် သံရုံးအနီးတဝိုက်၌ ဂျပန်ရောက် ဒီမိုကရေစီအရေးလိုလားသူ မြန်မာများစုပေါင်း၍ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

​ဆန္ဒပြသူများက ပြီးခဲ့သည့် မေလ ၁၂/၁၃ရက်နေ့တွင် ကျင်းပခဲ့သည့် U.S ASEAN Special Summit အတွက် အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်ကို စွန့်လွှတ်ရန်၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ MOGE မှ လူသတ်လက်နတ်အဖြစ် ရရှိနေသော သွေးစွန်းငွေများအတွက် အမြန်ဆုံး ပိတ်ဆို့အရေးယူပေးရန် တောင်းဆိုခဲ့ကြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမေရိကန်အနေ​ဖြင့် ဂျပန်အစိုးရအား မြန်မာ့အရေးကို စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေးအား ယခုထက်ပိုမို၍ ဖိအားပေး Sanction ချ ပြောဆိုပေးရန်တို့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာ့ ဒီမိုကရေစီအရေးအပေါ် ဥရောပရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်

နိုင်ငံတကာ

ပြည်တွင်းမှာ ဒုံးကျည်တွေ ပူးပေါင်းတည်ဆောက် ထုတ်လုပ်သွားဖို့ အမေရိကန်နဲ့ ဂျပန်တို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လူသတ်မှု သံသယနဲ့ စစ်ဆေးခံနေရတဲ့ အမေရိကန် မရိန်းတပ်သား တစ်ဦးကို ဂျပန် အစိုးရ ရှေ့နေတွေက တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ နာဂိုယာ မြို့တော်မှာ ကျင်းပနေတဲ့ အာရှ မသန်စွမ်း အားကစား ပြိုင်ပွဲမှာ တစ်ပတ်အတွင်း နိုင်ငံတော်သီချင်း မှားဖွင့်မှုတွေ သုံးကြိမ်ထိ ဖြစ်ပွားခဲ့လို့ မြို့တော်ဝန် ကိုယ်တိုင် တောင်းပန်ခဲ့ရပါတယ်။