Connect with us

Hi, what are you looking for?

News

ချောင်းဦး – မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ် သံချပ်ကာယာဥ်နှစ်စီးကို PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီတပ် ၂၉ဦးသေဟုဆို

မေလ ၂၃ ရက်ကလည်း ချောင်းဦး – မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။

(စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်၌ သံချပ်ကားယာဥ်များဖြင့် လှည့်လည်နေသည်ကို ၂၀၂၁ ဖေဖော်ဝါရီက တွေ့ရစဥ်)

ချောင်း – မြင်းမူလမ်းပိုင်းတွင် စစ်ကောင်စီတပ်မှ သံချပ်ကာယာဥ်နှစ်စီးကို မဟာမိတ်ညီနောင်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force FRF(CHU)က ယနေ့ (မေ ၂၆)ထုတ်ပြန်သည်။

ယနေ့နံနက် ၈ နာရီခန့်က ချောင်းဦး – မြင်းမူလမ်းပိုင်းတစ်နေရာတွင် သံချပ်ကာယာဥ်နှစ်စီးအား Farmers Revolution Force FRF (CHU)တပ်ရင်းမှဦးဆောင်၍ Chaung U Revolution Army (CRA)၊ Black Eagle Defence Force နှင့် Zarmini MMU တို့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၉ ဦးသေဆုံးပြီး ညီနောင်မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း အသိပေးသည်။

မေလ ၂၃ ရက်ကလည်း ချောင်းဦး – မြင်းမူ ကားလမ်းပိုင်းတစ်နေရာတွင် အိမ်စီးကားနှစ်စီးဖြင့် ဖြတ်သန်းသွားလာသော စစ်ကောင်စီတပ်သားများကို FRF(CHU)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။