Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကိုင်​တော်လှန်​ရေးကို ​အောင်ပွဲရသည်အထိတိုက်ပွဲဝင်​ပေးကြရန်ထားဝယ်​ထောင်မှနိုင်ငံ​ရေးအကျဥ်းသားများ​တောင်းဆို

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။

ထားဝယ်ထောင်ကို Google Map မှတွေ့ရစဥ်
ထားဝယ်ထောင်ကို Google Map မှတွေ့ရစဥ်

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊စည်းကမ်းနှင့်လမ်းညွန်ချက်များကို လိုက်နာကြီး လက်နက်ကိုင်တော်လှန်ရေးကြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ပေးကြပါရန် အလေးနက်တောင်းဆိုကြောင်းထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုလိုက်သည်။

နွေဦးတော်လှန်ရေးကြီး၏အဓိကအနှစ်သာရသည် ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်သစ်နိုင်ငံတော်ကို ရည်ရွယ်တည်ထောင်ကြရန်ဖြစ်သည်ဟုလည်းစာတွင်​ဖော်ပြထားသည်။

ထားဝယ်​​ထောင်မှ နိုင်ကျဥ်းများ၏ စာ
ထားဝယ်​​ထောင်မှ နိုင်ကျဥ်းများ၏ စာ

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။

PDFခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုအောင်နိုင်၏ မိခင် ဒေါ်ညွန့်လှိုင်ကို စစ်ကောင်စီလက်ပါးစေများက အများပြည်သူရှေ့လူမြင်ကွင်းတွင်ပင် မေ ၂၄ ရက် အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ကိုလည်း ထိန့်လန့်ဝမ်းနည်းကြေကွဲရသည်ဟု ၎င်းတို့ကဆိုထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် မည်သို့သောအကြမ်းဖက်တိုက်ခိုက်မှုမျိုးကို မဆိုပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်ရှုံ့ချသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့၏ သ​ဘောထားကို​ဖော်ပြထားသည်။

ထားဝယ်​ထောင်တွင် နိုင်ငံ​ရေးအကျဥ်းသား ၁၅၈ ဦးရှိပြီး အာဏာသိမ်းစစ်​ကောင်စီကို ဆန့်ကျင်​တော်လှန်​သော​ကြောင့်ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။