Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လက်နက်ကိုင်​တော်လှန်​ရေးကို ​အောင်ပွဲရသည်အထိတိုက်ပွဲဝင်​ပေးကြရန်ထားဝယ်​ထောင်မှနိုင်ငံ​ရေးအကျဥ်းသားများ​တောင်းဆို

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။

ထားဝယ်ထောင်ကို Google Map မှတွေ့ရစဥ်
ထားဝယ်ထောင်ကို Google Map မှတွေ့ရစဥ်

တော်လှန်ရေးရဲဘော်များအနေဖြင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်၊စည်းကမ်းနှင့်လမ်းညွန်ချက်များကို လိုက်နာကြီး လက်နက်ကိုင်တော်လှန်ရေးကြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ပေးကြပါရန် အလေးနက်တောင်းဆိုကြောင်းထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက တောင်းဆိုလိုက်သည်။

နွေဦးတော်လှန်ရေးကြီး၏အဓိကအနှစ်သာရသည် ဖက်ဒရယ်ဒီမိုကရေစီ လူ့ဘောင်သစ်နိုင်ငံတော်ကို ရည်ရွယ်တည်ထောင်ကြရန်ဖြစ်သည်ဟုလည်းစာတွင်​ဖော်ပြထားသည်။

ထားဝယ်​​ထောင်မှ နိုင်ကျဥ်းများ၏ စာ
ထားဝယ်​​ထောင်မှ နိုင်ကျဥ်းများ၏ စာ

စစ်ကောင်စီလက်ပါးစေ အဖွဲ့အစည်းများသည် နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေကြသူများ၏ မိသားစုများကို အသက်အန္တရာယ်ခြိမ်းခြောက် အကျပ်ကိုက်လျှက်ရှိသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများ၏စာတွင်ပါရှိသည်။

PDFခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုအောင်နိုင်၏ မိခင် ဒေါ်ညွန့်လှိုင်ကို စစ်ကောင်စီလက်ပါးစေများက အများပြည်သူရှေ့လူမြင်ကွင်းတွင်ပင် မေ ၂၄ ရက် အကြမ်းဖက်သတ်ဖြတ်ခဲ့သည်ကိုလည်း ထိန့်လန့်ဝမ်းနည်းကြေကွဲရသည်ဟု ၎င်းတို့ကဆိုထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုများအပါအဝင် မည်သို့သောအကြမ်းဖက်တိုက်ခိုက်မှုမျိုးကို မဆိုပြင်းပြင်းထန်ထန်ဆန့်ကျင် ကန့်ကွက်ရှုံ့ချသည်ဟု ထားဝယ်အကျဥ်းထောင်ထဲရှိ နိုင်ငံရေးအကျဥ်းသားများက ၎င်းတို့၏ သ​ဘောထားကို​ဖော်ပြထားသည်။

ထားဝယ်​ထောင်တွင် နိုင်ငံ​ရေးအကျဥ်းသား ၁၅၈ ဦးရှိပြီး အာဏာသိမ်းစစ်​ကောင်စီကို ဆန့်ကျင်​တော်လှန်​သော​ကြောင့်ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။